တောင်ငူ၊ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်ငူပြည်သူ့ဆေးရုံကြီးအရှေ့တွင် မော်တော်ဆိုင်ကယ်ပေါ်မှ အရှိန်လွန်၍ ပြုတ်ကျသည့် အမျိုးသမီးတစ်ဦး တွဲကားကြိတ်ခံရပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁ ရက် ညနေ ၅:၃၀ အချိန်တွင် တောင်ငူပြည်သူ့ဆေးရုံကြီးရှေ့၌ ရပ်ထားသည့် မော်တော်ယာဉ်မှ ကားတံခါးအား ဖွင့်ချိန် ထိုကားတံခါးကို မော်တော်ဆိုင်ကယ်မှရှောင်ရင်း ဆိုင်ကယ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးမှာ ပြုတ်ကျ၍ တစ်လမ်းထဲတွင် မောင်းနှင်လာသည့် တွဲကားမှာ အရှိန် လွန်၍ ထိုအမျိုးသမီးကို ကြိတ်မိခဲ့ကြောင်း သိရသည်။
"မော်တော်ဆိုင်ကယ်ပေါ်မှာ သားအဖ ၃ ယောက်ပါလာတာ။ အဲ့ချိန်မှာ ရပ်ထားတဲ့ကားက ကားတံခါးဖွင့်တာ အဲ့တံခါးကိုဆိုင်ကယ်ကရှောင်ရင်းနဲ့ အရှိန်လွန်ပြီး အမျိုးသမီးကပြုတ်ကြတာ။ အဲ့မှာ တစ်လမ်းထဲမောင်းလာတဲ့ တွဲကားက ကြိတ်မိတော့ အဲ့ဒီအမျိုးသမီးရဲ့ ခါးပြတ်သွားပြီး သေဆုံးတယ်" လို့ ဒေသခံက ပြောသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment