ဝါးခယ်မ , ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ညွှန်ကြားမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ရွှေလောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မြောင်းမြပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများကအခမဲ့ကွင်းဆင်းဆေးကုသများ လာရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြပြည်သူ့ဆေးရုံ (ခုတင်-၂၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်မင်းသိုက်အပါအဝင် အထူးကုသမားတော်(၉)ဦး၊ သူနာပြု(၁၁)ဦး၊ အကူသူနာပြု(၅)ဦး၊ အထွေထွေ(၁၁)ဦး၊ စုစုပေါင်း(၃၆)ဦးတို့က ခွဲစိတ်လူနာ ၂၃ ဦး၊ အရိုး/အကြော ၁၃၀ ဦး၊ သားဖွားမီးယပ် ၂၄ ဦး၊ ကလေး ၃၁ ဦး၊ မျက်စိ ၁၄၀ ဦး၊ နား/နှာခေါင်း/ လည်ချောင်း ၄၂ ဦး၊ သွား ၅၈ ဦး၊ အရေပြား ၅၂ ဦး၊ အထွေထွေ ၁၇၃ ဦး လူနာစုစု စုစုပေါင်း (၆၇၃)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်းကျေးရွာတွင် ရွှေလောင်းတိုက်နယ်ဆေးရုံ (၁၆ ခုတင်) တည်ရှိပြီး ဒေါက်တာ မျိုးမင်းဇော်အပါအဝင် ဆရာဝန်(၁)ဦး၊ သူနာပြု(၅)ဦး၊ အထွေထွေ(၃)ဦး၊ စုစုပေါင်း(၉)ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment