စက်မှုဇုန်များ၏ မြေပြင်ပကတိအခြေအနေကို မဖြစ်မနေစိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှုဇုန်များ၏ မြေပြင်ပကတိအခြေအနေကို မဖြစ်မနေစိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ပြောကြား


နေပြည်တော်၊ ဒီဇင်ဘာ ၈

တည်ထောင်ပြီးစက်မှုဇုန်များ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်း တစ်ပြေးညီသတ်မှတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ ဆေးဝါးသမိုင်းပြခန်း၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ၂၀၂၄ ခုနှစ် မေ ၂၉ ရက်တွင်ပြုလုပ်သည့် ဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်အရ “ဒေသဆိုင်ရာစက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီများ” ကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေတို့တွင် တည်ထောင်ပြီးစက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစားနှင့် အဆင့်အတန်းခွဲခြားသတ်မှတ်ပြီး စက်မှုဇုန်အဖြစ် ပြန်လည်ကြေညာရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း၊ ထို့သို့ တည်ထောင်ပြီးစက်မှုဇုန်များအား စက်မှုဇုန်အသစ်အဖြစ် ပြန်လည်ကြေညာနိုင်ရန်အတွက် စက်မှုဇုန်များ၏ မြေပြင်ပကတိအခြေအနေကို မဖြစ်မနေစိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးတွင် “စက်မှုဇုန်များ၏ မြေပြင်အခြေအနေကိုသိရှိနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တည်ထောင်ပြီး စက်မှုဇုန်များကို အပြန်အလှန်စစ်ဆေးရန် (Cross-Check)” ဆုံးဖြတ်ခဲ့ကြောင်း။

ထို့ကြောင့် တည်ထောင်ပြီးစက်မှုဇုန်များ၏ မြေပြင်ပကတိအခြေအနေများကို သိရှိစေရန်၊ စက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်းကို တစ်ပြေးညီသတ်မှတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တည်ထောင်ပြီး စက်မှုဇုန်များကို တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်ဆေးနိုင်ရေးအတွက် စစ်ဆေးရမည့်အချက်အလက်များ (Check Lists) ကိုပြုစု၍ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း၊ စက်မှုဇုန်များအား အပြန်အလှန်စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အချိန်တစ်လသတ်မှတ်ပေးပြီး စစ်ဆေးစေခဲ့ကြောင်း၊ သက်ဆိုင်ရာ စက်မှုဇုန်များမှ စီမံခန့်ခွဲသူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် စက်မှုဇုန်များ၊ စက်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ပွင့်လင်းလင်းဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအခြေအနေများကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တည်ထောင်ပြီးစက်မှုဇုန်များ အပြန်အလှန်စစ်ဆေးနိုင်ရေးအတွက် စစ်ဆေးရမည့် အချက်အလက်များ(Check lists) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက စက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစားနှင့် အဆင့်အတန်းခွဲခြားသတ်မှတ်နိုင်ရေးအတွက် အပြန်အလှန်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆွေးနွေး၍ ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) သို့ ရောက်ရှိပြီး Golden Theraprage Co., Ltd. ၏ ဂျင်းဘောင်းဘီအမျိုးမျိုးချုပ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)