ထရမ့်က အီရန်ကို အရင်ဆုံး တိုက်နိုင်တယ်လို့ သတင်းဌာနအချို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်က အီရန်ကို အရင်ဆုံး တိုက်နိုင်တယ်လို့ သတင်းဌာနအချို့ဆို


၂၀၂၄၊ ဒီဇင်ဘာ ၁၃ ( သောကြာနေ့ ) 

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့က အီရန်နျူကလီးယားစက်ရုံ များကို တိုက်ရိုက်တိုက်ခိုက်ခြင်းအပါအဝင် အီရန်ကိုပစ်မှတ်ထားတဲ့ နည်းလမ်းများကို စဉ်းစားနေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်များက Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ ၎င်း၏ ပထမဆုံး သမ္မတ သက်တမ်းအတွင်း ထရမ့်က ၂၀၁၅ နိုင်ငံစုံ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အီရန်အနေနဲ့ နျူလက်နက်ရရှိမှု ပိုမိုခက်ခဲစေရန် ရည်ရွယ်ပြီး "အမြင့်ဆုံး ဖိအားပေး လှုတ်ရှားမှု "ကို လုပ်ဆောင်ခဲ့သည်။ 

ယခုအခါ ထရမ့်၏လက်ထောက်များက စစ်ရေးအရ တိုက်ရိုက်ပါဝင်နိုင်သည့် "အမြင့်ဆုံးဖိအား ၂.၀ " မဟာဗျူဟာကို ဆွေးနွေးနေကြသည်ဟု သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။ ထရမ့် က မကြာသေးမီက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဖုန်းခေါ်ဆိုမှုတွင် ၎င်းအနေနဲ့ ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း အီရန်နိုင်ငံကို နျူလက်နက် မထုတ်လုပ်နိုင်ရန်နှင့် တိုက်ခိုက်မှုမလုပ်နိုင်ရန်အတွက် အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်။  

တီဟီရန်အစိုးရက  နျူကလီယားလက်နက် ရရှိလိုသည်ဟုစွတ်စွဲချက်ကို ငြင်းဆိုထားသော်လည်း ထရမ့်၏ နျူကလီးယား သဘောတူညီချက်ကို ဖျက်စီးခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နျူ့လက်နက်ထုတ်လုပ်ရန် လိုအပ်သည့် ယူရေနီယံပမာဏကို မြင့်မားစွာ ဖြည့်တင်း သိုလှောင်ထားသည်။

Wall Street သတင်းဌာန အဆိုအရ မကြာခင် အမေရိကန်အစိုးရဖြစ်လာမည့်အဖွဲ့သည် အမေရိကန်အား အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲကြီးတစ်ခုဖြစ်ပေါ်လာရန် ဆွဲငင်မည်မဟုတ်သည့် ရွေးချယ်မှုတစ်ခုကို ရှာဖွေနေသည်ဟု သိရသည်။ 

ပြီးခဲ့သည် တစ်နှစ်လုံး အစ္စရေးက အီရန်နိုင်ငံ၏ အတက်အလက်များဖြစ်သည် ဟားမတ် နှင့် ဟစ္စဘိုလာ လက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်နေခဲ့ပြီး အီရန်ထောက်ခံထားသည့် ဆီးရီးယား သမ္မတ အာဆတ် ပြုတ်ကျအောင် လုပ်ဆောင်ခဲ့သည်။ နေတန်ယာဟု အစိုးရက အီရန်နျူကလီးယား စက်ရုံများကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ယခုသီတင်းပတ်တွင် The Times of Israel က ဖော်ပြခဲ့သည်။ အဆိုပါနေရာများက ခိုင်ခံ့မှုအားကောင်းသောကြောင့် အစ္စရေးစစ်တပ်၏ လက်နက်တိုက်ရှိ သမားရိုးကျလက်နက်များဖြင့် လုံလောက်သော ပျက်စီးဆုံးရှုံးမှုကို ပေးနိုင်ခြင်း ရှိ/မရှိ ရှင်းရှင်းလင်းလင်းမသိရပေ။ ထိုကဲ့သို့ စစ်ဆင်ရေးအတွက် အမေရိကန်သည် အကြီးစား ဗုံးကြဲလေယာဉ်များနှင့် ဘန်ကာ-ဗုံးကြဲလေယာဉ်များ ပံ့ပိုးပေးနိုင်သည်ဟု သတင်းစာက ဆိုပါသည်။ 

ယခုနှစ်တွင် အီရန်နှင့် အစ္စရေးတို့သည် အပြန်အလှန်တိုက်ရိုက် တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ဆီးရီးယား မြို့တော် ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို ဧပြီလက လေကြောင်းတိုက်ခိုက်မှု တကြိမ် နဲ့ အီရန်ကို လာရောက်လည်ပတ်သည့် ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံမှုတို့ကို အစ္စရေးကလုပ်တယ်ဆိုပြီး အီရန်က အစ္စရေးကို ဒုံးဖြင့်ပြန်လည်တိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့သည်။ 


REF - RT 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)