မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၉ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ၄၄ဝ ဂရမ် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၉ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ၄၄ဝ ဂရမ် ဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ ၁၀၁ လမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကျော်သူလွင်(ခ)မွန်ချေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်း အရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား စတင်ဖမ်းဆီးရမိခဲ့သည်။

ကျော်သူလွင်(ခ)မွန်ချေး ငှားရမ်းနေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်ရှိ နေအိမ်၌ သိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ဒသမ ၄ သိန်းအားလည်းကောင်း၊ မန္တလေးမြို့ ၊ ၃၅ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ ဟိုတယ်အခန်းတွင် ရောင်းချရန်အသင့်ထားရှိသည့် ဘိန်းဖြူ ၄၄၀ ဂရမ်အားလည်းကောင်း အသီးသီးဆက်လက်သိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၉ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၆၁ သိန်း၊ ဘိန်းဖြူ ၄၄၀ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီအချိန် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ခိုင်မင်း(ခ)ဖိုးလုံး အား CRV မော်တော်ယာဉ် ၁ စီးနှင့်အတူ မန္တလေးမြို့ ၊ ၅၁ လမ်း၊ ၁၂၃ x ၁၂၄ လမ်းကြား၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)