နေတိုးအဖွဲ့က ယူကရိန်းကို ဆက်လက်ထောက်ခံဖို့ မသေချာတော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေတိုးအဖွဲ့က ယူကရိန်းကို ဆက်လက်ထောက်ခံဖို့ မသေချာတော့


၂၀၂၄၊ ဒီဇင်ဘာ ၅

ယူကရိန်း၏ အနောက်အုပ်စု ကျောထောက်နောက်ခံများသည် ရုရှားအပေါ် စစ်ရေးအရ အောင်ပွဲရရန် ကြိုးပမ်းခြင်းအား လက်လျှော့လာကြပြီး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရန်အတွက် ကြိုးပမ်းလာကြပြီဟု  Bloomberg သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရုရှားတပ်ဖွဲ့များသည်  ရုရှားနိုင်ငံ ကာစ်ကတ်ဒေသတွင် အမြစ်တွယ်နေသော ယူကရိန်းတပ်များထံမှ မြေပြင်ကို ပြန်လည်ရယူနေသည်မှာ ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်း ဒွန်ဘားစ်ဒေတွင် စစ်ဆင်ရေးလုပ်သည်ထက် ပိုမြန်သောနှုန်းဖြင့် ရုရှားတပ်ဖွဲ့များ ရှေ့တိုးလာနေချိန်တွင် အဆိုပါ အစီရင်ခံစာထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် “အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ဆန္ဒမရှိ” ကြောင်းနှင့် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ရာထူးမယူမီ နှစ်လခန့်သာ လိုတော့သည့်အချိန်၌ ယူကရိန်းအစိုးရ ၏ နေတိုးမဟာမိတ်များသည် “စိတ်ဓာတ်များ ညှိုးနွမ်းစပြုလာသည်နှင့်အမျှ မိမိတို့ကိုယ်ကို အားတင်းရန် ကြိုးပမ်းနေကြသည်” ဟု Bloomberg က ရေးသားခဲ့သည်။ 

ယူကရိန်းအတွက် ထရမ့် ၏အစီအစဉ်သည် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ထရမ့်အနေနှင့် ယူကရိန်း-ရုရှား ပဋိပက္ခတွင် အမေရိကန် အသုံးစရိတ်ကို လျှော့ချရန်နှင့် ပြည်တွင်းအမေရိကန်ပြဿနာများကို အာရုံစိုက်စေမည့် ကတိများပေါ်တွင် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်သည်။

ဘရပ်ဆဲလ်မြို့တွင် ယခုသီတင်းပတ်အတွင်း ကျင်းပသော နေတိုးနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ကိယက်ဗ်အစိုးရအား လက်နက်များ မည်ကဲ့သို့ ပံ့ပိုးပေးမည်ကို ဆွေးနွေးခဲ့ကြကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက Bloomberg သို့ ပြောကြားခဲ့သည်။ ပူတင်ကို ရန်စခြင်းမရှိဘဲ ယူကရိန်းလုံခြုံရေး အာမခံချက်အကြောင်း ဆွေးနွေးခြင်းအပါအဝင် ပဋိပက္ခအဆုံးသတ်ရန် ကွဲပြားခြားနားသောနည်းလမ်းများကို စတင်ကြည့်ရှုနေပြီဟု သိရသည်။

“ယူကရိန်းအခြေအနေဟာ ရေရှည်မတည်တံ့နိုင်ဘူးဆိုတာ အသိအမှတ်ပြုပြီး ဆွေးနွေးမှုတွေကို မကြာခင်မှာ စတင်သင့်တယ်” ဟု အနောက်တိုင်းသံတမန်တစ်ဦး၏အဆိုကို ကိုးကား၍ Bloomberg ကရေးသားခဲ့ခြင်းဖြစ်သည်။  ထို့အပြင်၊ အမေရိကန်သည် အနာဂတ်တွင် စစ်ဘက်ဆိုင်ရာအကူအညီများကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက Trump ၏ ပြန်လည်ရွေးကောက်တင်မြှောက်ရေး မဲဆွယ်စည်းရုံးရေး မိန့်ခွန်းကို ဆန့်ကျင်ပါက ဆုံးရှုံးမှုများ တိုးလာမည်ဖြစ်ပြီး လာမည့်နှစ်တွင် ယူကရိန်းအား ဆွေးနွေးမှုများ ပြုလုပ်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း  အကြီးတန်း နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူရာယ်ချာရပ် က Bloomberg သို့ ပြောကြားခဲ့သည်။


REF - RT       

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)