ပင်းတယ၊ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယမန်နေ့ နံနက် (၁ဝ) နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များသို့ ထုတ်ချေးထားရှိမှုနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စီးပွားရေး ဦးတည်ချက်များအနက် “စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” စသည့် ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရမှ “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ” ကို ထူထောင်ပြီး သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အရင်းမပျောက်မတည် ရန်ပုံငွေများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် (၅) ဘီလီယံရရှိခဲ့ပြီး ယနေ့အထိ စိုက်ပျိုးရေးမွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများအတွက် စုစုပေါင်းစီးပွားရေးလုပ်ငန်းရှင် (၃၅၁၂) ဦးအား ချေးငွေကျပ်သန်း (၈၇၂၀) ထုတ်ချေးပေးနိုင်ခဲ့ပြီး အတိုးပြန်လည်ရရှိမှုအနေဖြင့် စုစုပေါင်းငွေကျပ် (၅ဝဝ ဒသမ ၃၃) သန်း ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းရယူပြီး ဆောင်ရွက်နေကြတဲ့ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်မှ အစုအဖွဲ့များအနေနဲ့ မိမိတို့ရဲ့ ချေးငွေရယူပြီးချိန်မှစ၍ ဆောင်ရွက်တဲ့လုပ်ငန်းအပေါ် အားသာချက်၊ အားနည်းချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရန်နှင့် လိုအပ်ချက်များ အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာ သုံးသပ်ဆွေးနွေးတိုင်ပင်ပြီး နိုင်ငံတော်၏ ရည်မှန်းချက်အပေါ် အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွား ကြရန်တိုက်တွန်းပြောကြားသည်။
ထို့နောက် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေ များ ထုတ်ချေးထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားသော လုပ်ငန်းရှင်များက မိမိတို့၏လုပ်ငန်း အကျိုးရလာဒ်ရရှိမှု အခြေအနေများနှင့် ချေးငွေရယူပြီးချိန်မှစ၍ မိမိတို့ဆောင်ရွက်တဲ့ လုပ်ငန်းများအပေါ် အားသာချက် အားနည်းချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment