မြောင်းမြ , ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင် ခေတ်မီစံပြကျေးရွာ၌ စာကြည့်တိုက်တည်ဆောက်နေမှုအခြေအနေကို ဒီဇင်ဘာ(၂၈)ရက်နေ့နံနက် (၁၀) နာရီ အချိန်တွင် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအဖွဲ့ဝင်က ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ အတွင်းရေးမှူး မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်မတည်ငွေ ကျပ်သိန်း (၁၅၀) ဖြင့် အလျားပေ (၂၀)၊ အနံ (၁၉) ပေအကျယ်ရှိ “ ပညာပျိုးပင်”စာကြည့်တိုက် တည်ဆောက်နေမှုအခြေအနေကို အဆိုပါကျေးရွာရှိ စာကြည့်တိုက် တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ပညာပျိုးပင် စာကြည့်တိုက်အသစ် ဆောက်လုပ်နေမှုအား အမြန်ဆုံးပြီးစီးစွာဖွင့်လှစ် သွားနိုင်ရေးကို ကြိုးစားလုပ်ဆောင်နိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းနှင့် စာကြည့်တိုက်တည်ဆောက်ပြီးစီးမှုမှာ (၉၆)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။
ဇေယျာ
https://t.me/MyanmarNationalPost

No comments:
Post a Comment