ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် ၊ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးတွေ့ဆုံပွဲ နှင့် အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ၃၀-၁၂-၂၀၂၄(တနင်္ဂနွေ) နံနက်(၁၀)နာရီက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွှေဘုန်းပွင့်ကျောင်းတိုက်တွင် ကျင်းပပြု လုပ်ခဲ့ရာ အခမ်းအနားသို့ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး၊ အမျိုးသမီးရေးရာတာဝန်ခံ
ဒေါက်တာဒေါ်စန်းစန်းနွယ် တက်ရောက်ခဲ့ပြီး ရှေးဦးစွာ ဆရာတော်အား ဝင်ရောက်ဖူးမျှော်ကြည်ညို ၍ သင်္ကန်းနှင့်ဝတ္တုငွေများအား ကပ်လှူခဲ့ကြသည်။
အခမ်းအနားကို အစီစဉ် (၆) ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ( ဗဟို ) အတွင်းရေးမှူး၊ အမျိုးသမီး ရေးရာ တာဝန်ခံ ဒေါက်တာ ဒေါ်စန်းစန်းနွယ်မှ မြန်မာနိုင်ငံမှာလူဦးရေ သန်း (၅၀)ကျော် ရှိသည့်အနက် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၂ဆ ပိုများတာ တွေ့ရပါကြောင်း၊ အိမ်တစ်အိမ်မှာ အမျိုးသမီးက အားလုံးကို စီမံခန့်ခွဲရကြောင်း၊ အမျိုးသမီး ကြီးကြီး ငယ်ငယ် အတူတူဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် လူငယ်၊ အမျိုးသမီးပါတီဝင်အသစ်များကို နွေးထွေးစွာကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီး ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း က ယခုလို မအားလပ်တဲ့ကြား ကရောက်လာပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တစိတ်တဝမ်းထဲ ဖြစ်၍ ယခုလိုတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး အစိုးရလက်ထက် ပြည်သူ့ အကျိုး ဆောင်ရွက်နိုင်မှုများကိုအားလုံးသိရှိပြီး ဖြစ်ပါကြောင်း ဖြင့်ပြောကြားခဲ့သည်။ တိုင်းကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံဒေါက်တာ ထွန်းထွန်းဝင်း က လူငယ်ရေးရာကိစ္စရပ်များအား ဆွေးနွေးပြောကြား၍ တိုင်းကော်မတီဝင် ဒေါ်အေးအေးမြင့် က ပါတီအောင်နိုင်ရေးကိစ္စရပ်များ အားပြောကြားခဲ့ကြသည်။
ထို့နောက် အဆိုပြုလွှာပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ First time voter (၂၆)ဦး၏ အဆိုပြုလွှာများကို (ဗဟို) အတွင်းရေးမှုး ဒေါက်တာဒေါ်စန်းစန်းနွယ်က လည်းကောင်း၊ (၃၅) နှစ်အောက် ပါတီဝင်(၁၉)ဦး ၏အဆိုပြုလွှာများကို တိုင်းဒေသကြီး လူငယ်တာဝန်ခံ ဒေါက်တာ ထွန်းထွန်းဝင်းကလည်းကောင်း၊ (၃၅) နှစ်အထက် ပါတီဝင် (၆၄)ဦး ၏ ဆိုပြုလွှာများကို တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းကလည်းကောင်း လက်ခံရယူပြီး (ဗဟို)အတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်က နိဂုံးချုပ် စကားပြောကြားပြီး အခမ်းအနား ပြီးမြောက်ခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment