နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အထူးရထားများပြေးဆွဲမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အထူးရထားများပြေးဆွဲမည်


ရန်ကုန်၊ ဒီဇင်ဘာ ၂၅

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အထူးရထားခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ထားသည်။

ရန်ကုန်-မော်လမြိုင်အဆန် အထူးရထား၊ မော်လမြိုင်-ရန်ကုန်အစုန်အထူးရထားကို ဒီဇင်ဘာ (၂၇) ရက်တွင်လည်းကောင်း၊ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထားကို မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားကို ဒီဇင်ဘာ(၂၈) ရက်တွင်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် ရန်ကုန်-ပြည် အဆန်အထူးရထား၊ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားနှင့် ပြည်-ရန်ကုန် အစုန်အထူးရထားများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်ဘူတာကြီးမှ ရန်ကုန်-မော်လမြိုင်အထူးရထားသည် မနက် (၇) နာရီ (၄၅) မိနစ်တွင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားသည် မော်လမြိုင်ဘူတာမှ မနက် (၉) နာရီ (၁၅) မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။

ရန်ကုန်-ပြည် အဆန်အထူးရထားသည် ရန်ကုန်ဘူတာကြီးမှ မွန်းလွဲ (၁) နာရီ၊ ပြည်-ရန်ကုန်အထူးရထားသည် ပြည်ဘူတာမှ ည (၁၀) နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထူးရထားများအပြင် နေ့စဉ်ပြေးဆွဲနေသည့် အမှတ် (၈၉) အဆန်၊ အမှတ် (၉၀) အစုန် ရန်ကုန်-မော်လမြိုင်ရထား၊ အမှတ် (၇၁) အဆန်၊ (၇၂) အစုန် ရန်ကုန်-ပြည်ရထားများသည် ပုံမှန်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါရထားလက်မှတ်များကို အထက်တန်းအတွက် ၃ ရက်ကြို၊ ရိုးရိုးတန်းအတွက် ၁ရက်ကြို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)