မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ခဲ့သည့်အတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးသူများအား ကျေးဇူးတင်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ခဲ့သည့်အတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးသူများအား ကျေးဇူးတင်လွှာ

 


 အဘက်ဘက်မှ ကူညီပံ့ပိုးပေးသူများအား ကျေးဇူးတင်လွှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှ (၇) ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ အာဆွန်စီယွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် “Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် အဓိက ပါဝင်ကူညီပံ့ပိုးပေးခဲ့သော ဥက္ကဋ္ဌဒေါ်စန္ဒာခင် ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အားလည်းကောင်း၊ အဆိုပြုစာတွဲတင်သွင်းရေးအတွက် သတင်းနှင့် နည်းပညာအချက်အလက်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ပြင်သစ်နိုင်ငံရှိ ယူနက်စကိုဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်၊ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်ဇေယျနှင့် သံရုံးဝန်ထမ်းများအားလည်းကောင်း၊ ဝိုင်းဝန်းအားဖြည့်ဆောင်ရွက်ပံ့ပိုးပေးခဲ့ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့၊ ပုဂံမြို့အာနန္ဒာမြတ်စွာဘုရားကြီး၏ ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်)၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာ့ရိုးရာပန်းပညာရှင်များအစည်းအရုံး၊ ဝိသာခါဖောင်ဒေးရှင်း၊ TMW Enterprise Limited၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်(ရန်ကုန်)၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး စောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြင့်မြတ်သူစေတနာသွေးလှူရှင်အသင်းနှင့် လူနာတင်ယာဉ်ကူညီမှုအသင်း(ညောင်ဦးမြို့)၊ ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်း၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းနှင့် အသင်းအဖွဲ့များ၊ စစ်ကိုင်းမြို့နယ်ရှေ့နေများအဖွဲ့၊ နန်းဦးမြို့သစ်လူငယ်များ ဘုံဆွမ်းလောင်းအသင်း (စစ်ကိုင်းမြို့)၊ မွန်မြတ်သောစေတနာ ပရဟိတအသင်း(စစ်ကိုင်းမြို့)၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့(စစ်ကိုင်းမြို့)၊ စစ်ကိုင်းမြို့မဈေးမှ ဈေးသူဈေးသားများ၊ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် စာရေးဆရာအသင်း၊ အောင်ဆန်းလူငယ်နာရေးကူညီမှုနှင့် ပရဟိတလူမှုအကျိုးပြုအဖွဲ့(နတ်မောက်မြို့)၊ မွန်ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၊ သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့(စစ်တွေမြို့)၊ စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသင်္ကြန်ကျင်းပရေးကော်မတီတို့အားလည်းကောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွက် လိုအပ်သည့် သင်္ကြန်မှတ်တမ်းများနှင့် နောက်ခံစကားပြောပံ့ပိုးကူညီဆောင်ရွက်ပေးသော ပြန်ကြားရေးဝန်ကြီးဌာနနှင့် Living Myanmar Media Group အားလည်းကောင်း၊ အဆိုပြုစာတွဲများတင်သွင်းရာတွင် လိုအပ်သည့်ဘာသာပြန်ဆိုဆောင်ရွက်ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ပြင်သစ်ဘာသာဌာနအားလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ မနုဿဗေဒပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မြန်မာစာဌာန၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်ရန် အချက်အလက်များ ရှာဖွေစုဆောင်းပြုစု၍ ယူနက်စကိုသို့ အဆိုပြုစာတွဲများ အချိန်မီပေးပို့တင်သွင်းနိုင်ရေးအတွက် အထူးကြိုးစားဆောင်ရွက်ခဲ့ကြသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများအားလည်းကောင်း၊ အနုပညာဦးစီးဌာနမှ တာဝန်ရှိသူများအားလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများအားလည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူများအားလည်းကောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စတင်ခဲ့ကြသည့် ပုဂံခေတ်ကာလမှ ယနေ့အထိ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည့် မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့အားလည်းကောင်း ဤစာဖြင့်ဖော်ပြရာတွင် မပါဝင်ခဲ့သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ ကူညီဆောင်ရွက်ပေးသူများအားလုံးတို့ကိုလည်းကောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အထူးပင်ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)