၂၀၂၄၊ ဒီဇင်ဘာ ၄
အင်္ဂါနေ့က တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုက အရေးပေါ်စစ်အုပ်ချုပ်ရေး ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ ပြည်တွင်းမှာ မြောက်ကိုရီးယားကိုထောက်ခံတဲ့ အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့်ပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကို ထုတ်ပြန်ပြီးနောက်နာရီ အတော်ကြာမှာ လွှတ်တော်တွင်း အခြေအတင်ဖြစ်မှုများ ဖြစ်ပေါ်လာကာ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ကြရာ ပြန်လည်ရုပ်သိမ်းရေးဘက်က မဲနိုင်သွားလို့ ဥပဒေကိုပြန်လည်ရုပ်သိမ်းကြောင်း သမ္မတက ပြန်လည်ကြေညာခဲ့ပါတယ်။
တောင်ကိုရီးယား စစ်တပ်ကမှု “သမ္မတအမိန့် မထွက်မချင်း စစ်အုပ်ချုပ်ရေးက အတည်ပဲ”လို့ ကြေညာထား ပါတယ်။ နောက်နေ့မနက် ၄ နာရီမှာ သမ္မတက စစ်အုပ်ချုပ်ရေးအမိန့်ကိုဖျက်သိမ်းတယ်လို့ ကြေညာလိုက်မှ စစ်တပ်နဲ့ ရဲတွေက ပုံမှန်အတိုင်းပြန်လည်ဖြစ်သွားပါတယ်။ အတိုက်အခံခေါင်းဆောင် ဒီမိုကရက်တစ်ပါတီမှ လီဂျေမြောင်ကတော့ သဘာဝမကျဘူးလို့ လှောင်ပြောင်ခဲ့ပါတယ်။ လီက သမ္မတရဲ့ဇနီးအပါအဝင် အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့ ၂၀၂၅ ဘတ်ဂျတ်အပေါ်ခွဲဝေသုံးစွဲမှုအား စုံစမ်းစစ်ဆေးမှုပြုပေးရန် အတွက်လည်း တောင်းဆိုထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ မာရီယာ ဆာခါရိုဗာကမူ “မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားရဲ့ နိုင်ငံရေး အရှုတ်တော်ပုံနဲ့ ပတ်သက်ပြီး သူတို့နိုင်ငံလုံခြုံရေးအတွက် စိတ်ပူနေတယ် ဆိုတာလည်း မမှားပါဘူး” လို့ ဆိုသွားပါတယ်။
“[တောင်ကိုရီးယား] သည် နာရီအနည်းငယ်အတွင်း ဒီမိုကရေစီအမည်ခံထားသော ဒီမိုကရေစီစနစ်မှာ လမ်းမများပေါ်တွင် တင့်ကားများ၊ ပါလီမန်ကို ဝင်ရောက်တိုက်ခတ်ခြင်း၊ လူကြိုက်များသော ထိပ်တိုက် ရင်ဆိုင်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာအချို့ကို ပကတိ ကမောက်ကမအဖြစ်သို့ ကူးပြောင်းသွားနိုင်တာကို မြောက်ကိုရီးယားဘက်က မြင်နေသောကြောင့်ပါပဲ” လို့ သူမက ပြောကြားခဲ့ပါတယ် ။
တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင်ကလည်း “သမ္မတက စစ်အုပ်ချုပ်ရေး ဥပဒေကို ထုတ်ပြန်တာ ကျရှုံးသွားတယ်။ ဒါ ပထမဆုံးအကြိမ်ပါ။ နောက်တစ်ခါမဖြစ်လာနိုင်ဘူးလို့ တွေးထားလို့မရပါဘူး။ ဒီလူက မြောက်ကိုရီးယားနဲ့ ပဋိပက္ခကို ဖြစ်ချင်နေပုံရတယ်” လို့လည်း သုံးသပ်သွားပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment