တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 



ထားဝယ်,  ဒီဇင်ဘာ ၁၁


၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက်ကို လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးနိုင်ရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ အဓိကအနေဖြင့် အလံတင်အခမ်းအနား၊ စစ်ရေးပြ၊ ပျော်ပွဲရွင်ပွဲများ၊ အားကစားပြိုင်ပွဲများ ညနေပိုင်းတွင် စတိတ်ရှိုးကဏ္ဍများဖြင့် စည်းကာသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော်အား ကရင်နှစ်သစ်ကူးပွဲတော်နှင့်အတူ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးပြိုင်ပွဲ၊ အသီးအနှံပြိုင်ပွဲ၊ ပန်းပြိုင်ပွဲ စသဖြင့် ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  သက်ဆိုင်ရာ ဌာနပြခန်းများတွင်လည်း ပါဝင်ပြီး ပြသပေးရန်လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့သည် နိုင်ငံတော်အတွက် အထွဋ်အမြတ်ထားသောနေ့ တစ်နေ့ဖြစ်သောကြောင့် အခမ်းအနားအား ခမ်းနားထည်ဝါစွာဖြင့် ပြုလုပ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနား စနစ်တကျ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီဝင်များက အခမ်းအနား ပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ စစ်ရေးပြလုပ်ငန်း၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊  ပြခန်းများခင်းကျင်းပြသရေး၊  သစ်သီးဝလံများ ပြိုင်ပွဲကျင်းပရေး၊  မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ပျော်ပွဲရွင်ပွဲများနှင့်အားကစားပြိုင်ပွဲများကျင်းပရေး စသည့် လုပ်ငန်းကော်မတီ အလိုက်ရှင်းလင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


ကျော်ကျော်လတ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)