မိုးနဲ , ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော လယ်ဧရိယာနေရာများတွင် ကြက်သွန်ဖြူအစားထိုးပြန်လည်စိုက်ပျိုးနေမှုနှင့် ဆောင်းသီးနှံနေကြာနှင့် ဆီပဲပုပ်စိုက်ခင်များကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးဦးဆောင်၍ တာဝန်ရှိသူများက မိုးနဲမြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆောင်းသီးနှံနေကြာမျိုးစေ့ထုတ်စိုက်ခင်း၊ ဆီပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်းများနှင့် ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သော ဧရိယာနေရာများတွင် ကြက်သွန်ဖြူအစားထိုး ပြန်လည်စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သော သွင်းအားစုနှင့် နည်းပညာများ ကူညီဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment