ပန်းတနော်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ



ပန်းတနော်၊ ဒီဇင်ဘာ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် (၁) နာရီက  အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတနော်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်က အမှာစကားပြောကြားပြီး ပန်းတနော်မြို့မရဲစခန်း  စခန်းမှူးဒုတိယရဲမှူးဝင်းမြင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  မြို့နယ်ဥပဒေရုံး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ယုမွန်မွန်‌အောင်က အမျိုးသမီးအခွင့်အရေးများ၊ အမျိုးသမီးများအပေါ် အကာအကွယ်ပေးထားမှုများအကြောင်းနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမဖြစ်စေရန် လိုက်နာနေထိုင်ရန်အချက်များ၊  အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများနှင့်ပတ်သက်သောဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဟောပြောသည်။ ဆက်လက်ပြီး  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးစိုးလတ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သော အကြောင်းအရာများဆက်လက်ပြောကြားခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)