မုံရွာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲဖြေဆိုလျက်ရှိ

 




မုံရွာ , ဒီဇင်ဘာ ၆


မုံရွာမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပလျက်ရှိရာ အခြေခံပညာကျောင်းများမှ Grade -9 မှ Grade-12 အထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်းရွက်ပေးခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသ်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာ ၄ ရက်နေ့မှ ဒီဇင်ဘာ(၆)ရက်နေ့အထိ ကျင်းပပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေဗဟုသုတများအပြင် လူ‌တွေ့နှုတ်ဖြေနှင့် အားကစားများကိုပါ ဝင်ရောက်ယှဥ်ပြိုင်ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကိုလည်း လာမည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)