၂၀၂၄၊ ဒီဇင်ဘာ ၁
ပြီးခဲ့သည်ရက်ပိုင်းက ထိုင်ဝမ်ကျွန်းအား အမေရိကန်အစိုးရက စစ်လက်နက်ပစ္စည်းကန်ဒေါ်လာ ၃၈၅ သန်းဖိုး ရောင်းချခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့်အပြင်းအထန်ရှုံ့ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ဒီကနေ့ တနင်္ဂနွေနေ့၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ဘေဂျင်းအစိုးရအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်သည် တရုတ်တစ်ပြည်တည်း မူဝါဒကို ချိုးဖောက်ပြီး အမေရိကန် - တရုတ်ဆက်ဆံရေးအား ပျက်ပြားစေနိုင်သည်ဟု အလေးပေး ပြောကြားခဲ့သည် ။
ထိုသို့ရောင်းချခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို ထိပါးခြင်း၊ ထိုင်ဝမ်ရှိ ခွဲထွက်ရေးအုပ်စုများထံ အန္တရာယ်ရှိသော အချက်ပြမှုများ ပေးပို့ခြင်းနှင့် ထိုင်ဝမ်ရေလက်ကြားအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
သောကြာနေ့က၊ ထိုင်ဝမ်သို့ ရောင်းချခဲ့သည့် စစ်ဘက်ဆိုင်ရာပစ္စည်းများတွင် F-16 လေယာဉ်အတွက် အပိုပစ္စည်းများ၊ အီလက်ထရွန်နစ်စနစ်ဖြင့် စကင်န်ဖတ်ထားသော ရေဒါများနှင့် ယခင်အတည်ပြုထားသော စက်ကိရိယာများနှင့် ဝန်ဆောင်မှုများ ပါဝင်သည်။ ထိုင်ဝမ်ကို လက်နက်ရောင်းချမှု ရေရှည်မူဝါဒကို ဆက်လက်ကျင့်သုံးခြင်းမပြုရန် အမေရိကန်က ကတိပြုခဲ့သည့် ၁၉၈၂ ခုနှစ် သြဂုတ်လ ၁၇ ရက် ကြေညာချက်အရ အမေရိကန်၏ အစောပိုင်းကတိကဝတ်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း တရုတ်နိုင်ငံခြားရေးဌာနက အလေးပေးဖော်ပြခဲ့သည်။
REF: RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment