ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရက်ပိုင်းအတွင်းက ဖြူဖြူထွေး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည့် ဟောင်စု ဆေးပရုတ်ဆီကြော်ငြာအပေါ် အစွန်းရောက် အကြမ်းဖက်ဝါဒီများက မှတ်ချက်မျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်နေသည်ကို တွေ့ရသည်။
ကြော်ငြာရုပ်သံတွင် အမည် ဟောင်စု ဖြစ်နေသည်ကို ထောက်ရှု၍လည်းကောင်း၊ ဖြူဖြူထွေးမှာ ဒေါ်စုပုံစံ ဝတ်စားသည်ဟုလည်းကောင်း၊ ၇၉ ဟု နှစ်လုံးဂဏန်းပေးခြင်းသည် ဒေါ်စုအသက်ဖြစ်နေသည်က တစ်ကြောင်း NUG ဘက်တော်သား အကြမ်းဖက်ဝါဒီ အမျိုးသား၊ အမျိုးသမီးများက ဖြူဖြူထွေးအား ခြိမ်းခြောက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေသော မှတ်ချက်များနှင့် ပတ်သက်၍ ဖြူဖြူထွေး က "ကြော်ငြာအပ်တဲ့ client ကိုယ်တိုင်ကသူတို့ရဲ့ ဟောင်စုဆေးပရုတ်ဆီလေးကို ကြော်ငြာအပ်တာပါ ဟောင်ဆိုတာ တရုတ်လို ကောင်းတာကို ပြောတာ စုဆိုတာ မိသားစုတိုင်းအတွက် ကောင်းခြင်းတွေစုပေါင်း ထားတဲ့ ဟောင်စု တဲ့ client ရဲ့ဆောင်ပုဒ်တစ်ခု ကြော်ငြာတစ်ခုပါ။ ဒီနေ့ဒီချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ စော်ကာလိုစိတ် ဆံချည်းမျှင်မျှကို မရှိခဲ့ပါဘူး ဒီဆေးကြော်ငြာထဲမှာ ဒီဆေးနာမည်းလေ ဝယ်ရင် နာမည်းလေး အမြဲပါအောင်ဆိုတဲ့ အတွေးပဲရှိတယ်။ အားလုံးပဲ ဒီကြော်ငြာလေးနဲ့ပတ်သတ်လို့ စိတ်အနှောက်အယှတ်ဖြစ်သွားရင် တောင်းပန်းပါတယ်ရှင့်။" ဟု ရေးသားတောင်းပန်ထားသည်။
NUG ဘက်တော်သား အကြမ်းဖက်ဝါဒီ နီပိန်း အမျိုးသား/ အမျိုးသမီးများ၏ မှတ်ချက်များတွင် -
ပန်းပန်တာ ဝတ်စားဆင်ယင် ပုံစံတူလုပ်ပြီး နှုတ်ကထွက်တဲ့ 79 နံပါတ်ကစ တိုက်ဆိုင်မှုတဲ့လား၊ Script ဇာတ်ညွန်းစာသားရော ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်၊ ဒါတွေဟာ ပေါ့ပျက်ပျက်အတွေးအခေါ်ပုံစံမျိုးနဲ့ ဇာတ်လမ်းပမာရိုက်ပြဖို့ မသင့်လျော်အပ်တဲ့အရာပါ။
PDF တွေရဲ့ တစ်စုံတစ်ယောက်ကို စစ်ရေးပစ်မှတ် သတ်မှတ်တယ်ဆိုတာ အလကားဖြစ်လာတာမဟုတ်ဘူးနော်၊ သတိထားတော့
ဇဂနာက ပါလိုက်သေးတယ် သက်သက်အတန်ရှည်ရှာတာပါ တိုက်ဆိုင်တယ်ဆိုတာထက် တိုက်ဆိုင်အောင်တမင်လုပ်ယူထားမှန်းအသိသာကြီးပါ
ဘာပဲလုပ်လုပ် ပိုက်ဆံရရင် အကုန်လုပ်မယ် စဉ်းစားထားတာလား ဇာတ်ညွှန်းဖတ်ထဲက မစဉ်းစားမိဘူးလား အမည်ကအစ၊ ပန်းပန်ထားပုံ၊ ၇၉ ဆိုတဲ့ နံပတ်။ နင်တို့ဟာက မလွန်လွန်းဘူးလား ဘယ်လိုပဲ မဟုတ်ပါဘူးဆိုဆို အချိန်အခါကိုကြည့်ပြီးလုပ်၊ မထိသင့်တာတွေကို မထိပါနဲ့ စဉ်းစားနားလည်မှုရှိကျပါ။
ကိုယ့်တွင်းကို တူးထားတာပေါ့
ဒီကြော်ငြာ ဇာတ်ညွန်းရေးဆရာက ဘယ်သူလည်း။သမီးအတွက် အရမ်းအန္တရာယ်များတယ်နော်။Haosu ဆေးပရုပ်ဆီကြော်ငြာတာ ဘာလို့ ရှေ့က မယ်တော်ထဲ့ရတာလည်း။ရိုက်ရဲတာကို အံ့ဩလွန်းတယ်ကွယ်။ပန်းပန်ထားတာကအစ နှစ်လုံးဂဏန်းအဆုံး ထိခလုတ်တွေ တိုက်ထားတာ များလွန်းတယ်။ ပြည်သူ့အချစ်တော်ဘဝကနေ ပြည်သူ့ ဘာဖြစ်သွားနိုင်တယ်ဆိုတာသိပါစေ။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို စောင်းပြီး ကာတင်ပစ် စော်ကားလိုစိတ်အပြည့်နဲ့ ရိုက်ထားတာပါ
မယ်တော် ဆိုတာ အမေ ကိုခေါ်ပါတယ် နှင်းဆီပန်းပန်ထားပုံ အသက်အရွယ် 79အထိ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ပဲ မြင်ပါတယ် ဒီကောင်မ လူပါးဝတာ များနေပီ
နင်လုပ်တဲ့ပုံနဲ့နင်ပေးထားတဲ့နာမည်သေချာပြန်စမ်းစစ်ကြည့်အုန်ဟ
တချိန်မှာ နောင်တမရစေနဲ့ မဆဲတတ်လို့မဟုတ်ဘူး မတန်လို့
ငါတို့အမေ နာမည်ရော ငါတို့အမေအသက်ရော ငါတို့အမေပုံစံရော ယူထားတာနော် တစ်နေ့တွေ့မယ်နော် စောင့်နေ
အလှည့်ရောက်ရင် မငိုကြေးနော် ကောင်မလေး
အသိသာကြီး ဆေးကြော်ငြာကို နှစ်လုံးနဲ့ပတ်မွှေကတည်းက နင့် အတွေးအခေါ်ကပဲ နိမ့်တာလား တမင်လုပ်တာလားပဲ
နင့်ထက် အများကြီး ဝါရင့်တဲ့ လေးဖြူကိုသာကြည့် ပြန်တောင်းပန်ပါ
သေချာအပြန်ပြန်အလှန်လှန်ကြည့်တယ်ရည်ရွယ်ချက်ရှိရှိနဲလုပ်လိုက်တာဘဲနော်ပြ ည်သူကိုစော်ကားပြလိုက်ပြီပေါ့။
ဝတ်စားးဆင်ယင်မှု + နောက်တွဲဆံထုံး + ပန်းပန်ပုံ + ပုဝါခြုံထားပုံ + မယ်တော်နာမည် + ၇၉ ဆိုတဲ့ဂဏန်း ... ဒါဟာရည်ရွယ်ချက်ရှိရှိစော်ကားတာပါ .. ကိုယ်ပြုသောကံ ၊ကိုယ့်ထံ ပဲ့တင်ထပ်လိမ့်မည်။ စောင့်နေပါ
ပြင်ထားနော်။ တနေ့ကျရင် ဆုတ်ရမဲ့ ဘောင်ချာ အကြီးကြီး လို့ (ဘောင်ချာ
အဖွဲ့) က မှတ်ထားလိုက်ပါပီး။
ကောင်မရေပြီးမှမျက်ရည်စမ်းစမ်းသေးဖျန်းဖျန်းမလုပ်နဲ့နော်
အစရှိသော အစွန်းရောက် အကြမ်းဖက်ဝါဒီများ၏ ပြင်းထန်သော သဘောထား မှတ်ချက်များကို တွေ့မြင်ရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment