လိပ်သို , ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားဝတ်နေရေး အတွက် တောင်ယာများနှင့် အိမ်ခြံဝင်းများအတွင်း ရွှေဖရုံပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် အပိုဝင်ငွေရရှိစေရန် ဆွတ်ခူးရောင်းချလျက်ရှိနေကြောင်း သိရသည်။
ရွှေဖရုံပင်များကို ပင်ပြန့်စိုက်နည်းနှင့် စင်ထိုးစိုက်နည်းဖြင့် စိုက်ပျိုးကြပြီး ရွှေဖရုံ စိုက်ပျိုးပြီး ရက် (၁၀၀) အကြာတွင် ဆွတ်ခူးနိုင်ကာ လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရွှေဖရုံသီး အလုံးအကြီး/ အသေးပေါ်မူတည်၍ လက်လီဈေးတစ်လုံးလျှင် ကျပ်(၂၀၀ဝိ/-) မှ (၅၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိသည်။
ရွှေဖရုံသီးကို ချက်ပြုတ်စားနိုင်သလို အစိမ်းအတိုင်းလည်း သုပ်စားနိုင်ပြီး အသား/ငါးနှင့်လည်း ရော၍ချက်စားကြကြောင်း၊ အိမ်လုပ်မုန့်အချိုများလည်း ပြုလုပ်စားသုံးကြကြောင်း၊ ရွှေဖရုံသီးများ မှာ အာဟာရပြည့်ဝပြီး အရသာချိုသောကြောင့် ဝယ်ယူစားသုံးသူများပြားလျက်ရှိကြောင်း ရွှေဖရုံသီးရောင်းချသူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment