ရန်ကုန်၊ ဇူလိုင် ၅
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်းနှင့်ရွှေဝတ်မှုံလမ်းထောင့်တွင် ၅.၁၂.၂၀၂၄ရက်နေ့ (၇ ၄၅)အချိန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင်ဇော်ဦး ကို နီပိန်း အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ဦးတင်ဇော်ဦး မှာ ၎င်း၏ ဇနီးဖြစ်သူမခင်မျိုးအေးအား Honda PCx အမျိုးအစားခဲရောင်မော်တော်ဆိုင်ကယ်ဖြင့် စက်ရုံလိုက်ပို့စဉ် အခင်းဖြစ်ရပ်နေရာတွင် နီပိန်း အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ယာဘက်ပေါင် ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာခါးရှပ်ထိဒဏ်ရာ(၁)ချက်၊ မစိုးရဒဏ်ရာရရှိခဲ့ပြီး တပ်မတော်ဆေးရုံ အမှတ်(၁) ကုတင်၁၀၀၀ သို့ပို့ဆောင်ထားကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင်၊ မြို့နယ်စီမံအဖွဲ့ဝင် တစ်ဦးကိုလည်း နီပိန်းအကြမ်းဖက်သမားများ က လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြပြီး တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment