ထားဝယ်၊ ဒီဇင်ဘာ ၅
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း၊ နိုင်ငံတော်က ခွဲဝေ သတ်မှတ်ထားသည့် သာမာန်၊ ငွေလုံးငွေရင်းအသုံးစရိတ်နှင့်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက် နေ သည့်လုပ်ငန်းများ၊ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား သိရှိနိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ် ကြောင်း၊ ဌာနဆိုင်ရာများ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်များက ဆောင်ရွက်နေ သည့်လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက်ကို လုပ်သင့်လုပ်ထိုက်သည်များ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက ကြီးကြပ်၍ လုပ်ကိုင်ဆောင်ရွက်ပေးစေလို ကြောင်း၊ တိုင်းဒေသကြီးအတွင်းဒေသဖွံဖြိုးရေးအတွက်လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်သည့်အခါတွင် ဝိုင်းဝန်းပြီး အနီးကပ်ကြီးကြပ် ဆောက်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်နေဆဲလုပ်ငန်း များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြ ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
ကျော်ကျော်လတ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment