စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မြောက်ပိုင်း၊ အုတ်ရှစ်ကြီးအုပ်စု ရွှေတွင်းကုန်းရွာ၊ အိုဘိုကုန်းရွာ၊ အုတ်ရှစ်ကုန်းရွာ၊ ထန်းတောကုန်းရွာများမှာ NLD လွှတ်တော်အမတ် ဝဏ္ဏ၊ သော်က (ဘိတ်သိတ်ဆရာ)၊ ခင်မောင်လွင် နှင့် KIA ခေါင်းဆောင်များ ဦးဆောင်ကာ တပ်မတော်ကို ထောက်ခံသော လူပုဂ္ဂိုလ်များကို သတ်တယ်။ မီးရှို့တယ်။ ပိုင်ဆိုင်မှုတွေကို သိမ်းတယ်။ ထိုနည်းတူစွာ ကြံ့ခိုင်ရေးပါတီနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း သတ်ပစ်တယ်။ ပိုင်ဆိုင်မှု မြေယာပါမကျန် အကုန်သိမ်းတယ်။ သေသူက သေ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးသူကလည်း ပြေးနေရတယ်။ ယနေ့အထိပါပဲ။
အထက်ဖော်ပြပါ ကျေးရွာများမှာ အခြေပြုလှုပ်ရှားပြီး KIA, PDF အကြမ်းဖက်အဖွဲ့များက လွတ်မြောက်နယ်မြေ ဟု စိန်ခေါ် ကြွေးကြော်ထားတာကို လုံးဝလက်မခံနိုင်ပါဘူး။ ရွှေတွင်းကုန်းရွာ၊ အိုဘိုကုန်းရွာ၊ အုတ်ရှစ်ကုန်းရွာ၊ ထန်းတောကုန်းရွာများမှာ ရှိနေတဲ့ KIA, PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းပေးရန် တောင်းဆိုပါတယ်။
အဆိုပါ ကျေးရွာများမှာ KIA, PDF အကြမ်းဖက်သင်တန်းကျောင်း ရှိပါတယ်။ လက်နက်ခဲယမ်း သိုလှောင်ထားသော လက်နက်တိုက် ရှိပါတယ်။ PDF အကြမ်းဖက်သမား အင်အား ၁၅၀၀ ထက်မနည်း ရှိပါတယ်။ အခြားရွာများမပါ။ ရွှေတွင်းကုန်းရွာ၊ အိုဘိုကုန်းရွာ၊ အုတ်ရှစ်ကုန်းရွာ၊ ထန်းတောကုန်းရွာများမှာ အကြမ်းဖက်သမား ၁၅၀၀ ထက်မနည်း ရှိနေခြင်းဖြစ်ပါတယ်။
အခုဆိုရင် တပ်မတော်မုန်းတီးရေးအတွက် ကျောင်းသား/ ကျောင်းသူ ကလေးငယ်တွေကို နိုင်ငံရေးမှိုင်းတိုက်တဲ့ သင်ကြားပို့ချမှုတွေ လုပ်ဆောင်နေပါတယ်။ မကြားဝံ့ မနာသာစကားလုံးများနဲ့ လူမမယ်ကလေးငယ်များကို နိုင်ငံရေးမှိုင်းတိုက်နေကြခြင်း ဖြစ်ပါတယ်။ တပ်မတော်ကို အားပေးထောက်ခံသူများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ သေဆုံးသွားသူများ၊ ထွက်ပြးတိမ်းရှောင်နေရသူများကို နိုင်ငံတော်အနေနဲ့ ဘာမှ မထောက်ပံ့ချင်နေပါ။ အကြမ်းဖက်အဖွဲ့များက လွတ်မြောက်နယ်မြေလို့ ကြွေးကြော်ပြီး အပြစ်မဲ့ပြည်သူများအပေါ်မှာ လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းပေးရန်အတွက်သာ တောင်းဆိုနေခြင်းဖြစ်ပါတယ်။ ဘာသာ သာသနာနဲ့ ပတ်သက်လာရင်လည်း ပိုစုန်းကြူးပမာ ဖြစ်နေရပါပြီ။ ဘုန်းတော်ကြီးကျောင်းပါမကျန် အကြမ်းဖက်သမားများက သူတို့ အသုံးချချင်သလို အသုံးချနေတာပါ။
ဒေသခံပြည်သူတစ်ဦး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment