ဆီးရီးယားသားတွေကို ဥရောပနိုင်ငံတွေက နိုင်ငံရေးခိုလှုံခွင့် ပိတ်လိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားသားတွေကို ဥရောပနိုင်ငံတွေက နိုင်ငံရေးခိုလှုံခွင့် ပိတ်လိုက်ပြီ


၂၀၂၄၊ ဒီဇင်ဘာ ၁၀ 

သမ္မတ အာဆက်ကို အတိုက်အခံအင်အားစုတွေက ဖြုတ်ချလိုက်နိုင်ပြီးနောက် ဂျာမဏီနိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတဲ့ ဆီးရီးယားသားတွေရဲ့ လျှောက်လွှာတွေကို ဆိုင်းငံ့လိုက်ပါတယ်။ အဓိက အကြောင်းပြချက် ကတော့ နိုင်ငံတော်လုံခြုံရေး ခေါင်းစဉ်နဲ့ပါပဲ။ ဘာလင်မြို့ ဒုက္ခသည်နှင့်ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ပြည်ထောင်စုရုံးရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်အရ ဆီးရီးယား ဒုက္ခသည် လျှောက်လွှာများကို ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအမိန့်ကြောင့် လျှောက်လွှာလျှောက်ထားသူ လူပေါင်း ၅ သောင်း နီးပါက မျှော်လင့်ချက် ရပ်တန့်သွားပါတယ်။ 

အာဆက်အစိုးရကို အတိုက်အခံတွေက ၂ ပတ်မပြည့်ခင်မှာပဲ တိုင်းပြည်မြောက်ဖက်အစွန်းကနေ တောင်ဖက်အစွန်း မြို့တော် ဒမတ်စကတ်ကို သိမ်းယူနိုင်ခဲ့တဲ့ အကြောင်းအရင်က ဆီးရီးယား စစ်တပ်က ဒီအတိုင်းထိုင်ကြည့် နေလို့ပါပဲ။ လက်ရှိ ဆီးရီးယားရဲ့ နိုင်ငံရေး အခြေအနေက ခန့်မှန်းရန်အလွန်ခက်ခဲရလောက်အောင်ကို ရှုပ်ထွေးနေပါတယ် လို့ ဂျာမန်ရွှေ့ပြောင်းလုပ်သားဝန်ဆောင်မှု ဌာနအကြီးအကဲ ဒါစပိုက်ဂျဲ က ဆိုပါတယ်။ 

ဂျာမဏီမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ဆီးရီးယား ၁ သန်းနီးပါးရှိကြောင်း၊ အဲ့ဒိထဲက ၄၀ % က ၂၀၂၄ နှစ်ဦးပိုင်းကမှရောက်ရှိလာခဲ့ကြောင်း၊ ပြည်တွင်း ပြဿနာများစွာရှိတဲ့ ဆီးရီးယားက ဥရောပနဲ့ ဆက်ဆံရေးမှာ အခက်အခဲတွေ အများကြီးရှိနိုင်ကြောင်း၊ နိုင်ငံခြားသားရွှေ့ပြောင်း အများဆုံးလက်ခံမှု တတိယအဆင့်ရှိတဲ့ ဂျာမဏီလို နိုင်ငံမျိုးကို သက်ရောက်မှုတွေ အများကြီး ဖြစ်လာနိုင်စရာရှိကြောင်း” ဂျာမန်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ် ။ 

အဲ့လိုပဲ ဩစတြီးယားနိုင်ငံကလည်း ဆီးရီးယား ဒုက္ခသည်နဲ့ ရွှေ့ပြောင်း လျှောက်လွှာတွေကို ပိတ်ထားလိုက် ပါတယ်။ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကိုလည်း စနစ်တကျနဲ့ နေရပ်ပြန်ပို့မယ်လို့လည်း ဆိုပါတယ်။ ဩစတြီးယားမှာ ဆီးရီးယား ဒုက္ခသည် ၁ သိန်းလောက်ရှိပြီး တစ်နှစ်ကို တစ်သောင်းနှစ်ထောင်ကျော် လက်ခံပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)