မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ထိုင်းခရီးသွားဧည့်သည်များ အမှတ်တရသစ်ပင်စိုက်ပျိုး၊ ဝန်ကြီးဌာနအားကစားအသင်း အောင်နိုင်ရေးအလံ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ထိုင်းခရီးသွားဧည့်သည်များ အမှတ်တရသစ်ပင်စိုက်ပျိုး၊ ဝန်ကြီးဌာနအားကစားအသင်း အောင်နိုင်ရေးအလံ ပေးအပ်


နေပြည်တော်၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များကို ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်စေရေးအတွက်ဝန်ကြီးဌာန၏ website နှင့် web portal တို့တွင် ထိုင်းဘာသာစကားဖြင့် ရေးသားထားသည့် ခရီးသွားကဏ္ဍအချက် အလက်များကို လွှင့်တင်ထားရှိခြင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် ခရီးသွားပြပွဲများတွင်ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) များ‌ ခေါ်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုခရီးစဉ်ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးသူများနှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် ဧည့်သည်တော်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံကောင်းများကို မျှဝေပေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ခရီးသွားဆွဲဆောင်ရာနေရာများကို ရိုက်ကူးထားသည့် မြန်မာနိုင်ငံခရီးသွား မြှင့်တင်ရေး ဗီဒီယိုကိုပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ထိုင်းခရီးသွားကုမ္ပဏီများ၊ ရုပ်သံလိုင်းမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံသားခရီးသည်များအနက်ကံထူးရှင်အဖြစ် မဲပေါက်သူများကို အမှတ်တရလက်ဆောင်အဖြစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပုံတူဆင်းတုတော်များကို ပေးအပ်ပြီး ထိုင်းခရီးသွား ဧည့်သည်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အားကစားအသင်း အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနအားကစားအသင်းကို ထောက်ပံ့ငွေများ၊ အားဖြည့်အချိုရည်များ၊ ကျန်းမာရေးအထောက်အကူပြုဆေးဝါးများနှင့် အားကစားယှဉ်ပြိုင်မှု အထောက်အပံ့ပစ္စည်းများကို ပေးအပ်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အောင်နိုင်ရေးအလံအား ဒုတိယအမြဲတမ်းအတွင်းဝန်ကို ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အားကစားယှဉ်ပြိုင်မှု အထောက်အပံ့ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)