နေပြည်တော်၊ ဒီဇင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ၁၄-၁၂-၂၀၂၄ ရက်နေ့က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ရှေးဟောင်းရေကန်များ တူးဖော်ဆောင်ရွက်နေသည့်အခြေအနေများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ အာနန္ဒာဘုရား လမ်းဆုံမှ မင်းနန်သူကျေးရွာ အဝင်လမ်း၊ မိုးကုတ်ရိပ်သာ နောက်ကျောမှ ရွှေဆံတော်ဘုရားလမ်း၊ ဓမ္မရံကြီးဘုရားမှ ဓမ္မရာဇက ဘုရားသွားလမ်း၊ ဘူးလယ်သီး ဘုရားအဝင်လမ်းမှ အာနန္ဒာဘုရား-မင်းနန်သူရွာအဝင်လမ်း၊ သရပါဂိတ်မှ ရွှေကွန်ချာဘုရားသွားလမ်း၊ ရွာဟောင်းကြီး-အနန္ဒမေတ္တာဘုန်းကြီးကျောင်း-အာနန္ဒာဘုရားလမ်း၊ သူဌေးကန်ကျေးရွာအဝင်လမ်း၊ တောင်ဘီရွာ နှင့် ရင်မနားဘုရားသွားလမ်း၊ သိကြားပုန်းဘုရားသွားလမ်း၊ အာနန္ဒာဘုရားလမ်းဆုံမှ သရပါ ဂိတ် (ညောင်ဦး-ချောက်ကား လမ်းဟောင်း)၊ ကျောက်မျက်မှော် ဘုရားအဝင်လမ်း၊ ချောက်-စဉ့်ကူ လမ်းမကြီးမှ ဘုရားအမှတ် (၁၀၆၂) ဘုရားအဝင်လမ်း၊ ချောက် - စဉ့်ကူလမ်းမကြီးမှ စေတနာကြီးဘုရားအဝင်လမ်းတို့ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက်စေရန် စိစစ်အကြံပြု ချက်များနှင့် အညီ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်း ရေကန်များဖြစ်သည့် ကုသိနာရုံကန်၊ ကန်သစ်ကြီးကန်၊ မြေနှဲ လေးကန်-၁၊ ကန်ရှည်လျားကန် တို့ကို ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများအဆင့်မြှင့်တင် ပေးခြင်းဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်၍ ပုဂံဒေသအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment