အကြမ်းဖက်အဖွဲ့တွေ ပွဲခံနေပြီလား (သို့မဟုတ်)
နခခ(၅) ကို ပြာပုံအဖြစ် မြင်ကြည့်ခြင်း
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်သူများမှာ များစွာ စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။ တပ်မတော်ရေယာဉ်တွေကို AA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်၊ လက်နက်မဲ့ မှီခိုမိသားစုဝင် ကလေးငယ်တွေကိုပါ ဒုက္ခပေးခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ပြီး ပွဲခံခဲ့ကြဖူးတယ်။ ၁၁-၁၂-၂၀၂၄ ရက်နေ့ဟာ စောစောစီးစီး မင်္ဂလာသတင်းမကြားရဘဲ အမင်္ဂလာသတင်းနဲ့ နိုးထခဲ့ရပါတယ်။ အကြောင်းကတော့ AA အကြမ်းဖက်အဖွဲ့က နခခ(၅) ကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ ဂုဏ်ဆာတဲ့ ထုတ်ပြန်ချက်နဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားပုံ၊ လက်နက်ခဲယမ်းများ ရရှိပုံ၊ AA အကြမ်းဖက်အဖွဲ့ရဲ့ အလံကို တပ်စခန်းရဲ့ အလံတိုင်မှာ လွှင့်ထူပြီး ပွဲခံခဲ့ကြပါတယ်။
ယခုလို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူများ စိတ်သောက ရောက်ရတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဖြစ်စဉ် ဖြစ်ရပ်တွေကို ပြန်ကြည့်ရင် အကြမ်းဖက်အဖွဲ့တွေရဲ့ နောက်ကွယ်မှာ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများရဲ့ ထောက်ပံ့မှုတွေ ဘယ်လိုပင် ရှိနေပါစေ တပ်မတော်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုမှ မရှိပါဘူး။ မရှိဘဲ အခုလို ဘာကြောင့် သိမ်းပိုက်နိုင်ရတာလဲဆိုတဲ့ နောက်ဆက်တွဲ မေးခွန်းရှိပါတယ်။ တပ်မတော်က တကယ်မတိုက်လို့ အကြမ်းဖက်အဖွဲ့တွေ အောင်ပွဲခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။
၁၀-၁၂-၂၀၂၄ ရက်စွဲနဲ့ AA အကြမ်းဖက်အဖွဲ့က နခခ(၅) အပါအဝင် မောင်တောတနယ်လုံးကို သိမ်းပိုက်နိုင်ပါပြီလို့ ကြေညာထားတယ်။ တပ်မတော်က အခု ချက်ချင်းသွားပြီး အခုချက်ချင်းရှင်း နခခ(၅)လည်း ပြာပုံဖြစ်တယ်။ AA အကြမ်းဖက်သမားတွေလည်း မီးဖုတ်ပြီးသား ဖြစ်ပါလိမ့်မယ်။ တပ်မတော်က အဲဒီလို မရှင်းဘူး။ တိုက်ခိုက်မှု ဖြစ်စဉ်တွေ ဖြစ်နေတာ အခုမှလည်း မဟုတ်ဘူး။ တပ်စခန်းတစ်ခုမှာက လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား အကန့်အသတ်နဲ့ ရှိလိမ့်မယ်။ အကူအညီ လိုအပ်နေချိန်မှာ အကူအညီမရဘူး။ လေကြောင်း ပစ်ကူတွေ သွားတယ်လို့ ပြောရင်လည်း ထိထိရောက်ရောက် မလုပ်ခဲ့ဘူး။ ဒါကြောင့် အကြမ်းဖက်အဖွဲ့တွေ အောင်ပွဲခံ ဂုဏ်ဆာနေနိုင်ခြင်း ဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့များ အင်အားသုံးပြီး အလုံးအရင်းနဲ့ မြို့သိမ်းတိုက်ပွဲကြွေးကြော်ပြီး တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို KIA, PDF ပူးပေါင်းပြီး တိုက်ခိုက်တယ်။ အတိုက်ခံရတာကို သိနေတာပဲ။ ချက်ချင်းလက်ငင်း တုန့်ပြန်ရှင်းလင်းခဲ့သလား။ မရှင်းလင်းခဲ့ပါဘူး။ KIA, PDF က ရက်ပိုင်းမျှလောက် သိမ်းပိုက်တဲ့အချိန်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့က နွေးရူးဘဏ်ကို ရတဲ့အချိန်မှာ ရသလို ဖွင့်သွားသေးတယ်မဟုတ်ပါလား။ အဲဒီမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးခဲ့ရတယ်။ တုန့်ပြန်ရှင်းလင်းရေးက အချိန်နဲ့တပြေးညီ မဟုတ်ခဲ့ပါဘူး။ သို့ပေသော်လည်း တစ်လမကြာမီမှာပဲ စစ်ကြောင်းထိုး ပြန်လည်ရှင်းလင်းတဲ့အခါ KIA, PDF ခွေးပြေး ပြေးခဲ့ရပါတယ်။ မြို့ကို သိမ်းပိုက်နိုင်တယ်ဆိုတာလည်း မရှိတော့ပါဘူး။ မြို့ပေါ်မှာ ခြေကုပ်ယူပြီး နေနိုင်ခြင်းလည်း မရှိတော့ပါဘူး။
ထိုနည်းတူစွာပဲ ကနီ၊ တန့်ဆည်တို့ကိုလည်း KIA, PDF အကြမ်းဖက်အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါသေးတယ်။ မြို့ခံ လုံခြုံရေးနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရဲ့ ခုခံကာကွယ်မှုကြောင့် မရခဲ့ပါဘူး။ ကနီကို အကြမ်းဖက်အဖွဲ့တွေက ပိတ်စို့တိုက်ခိုက်နေစဉ်မှာ မီဒီယာများကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ပြည်သူများ အတိဒုက္ခမရောက်အောင် စစ်ကူ၊ ပစ်ကူများ ဆောင်ရွက်ပေးဖို့ မြိုင်မြိုင်ဆိုင်ဆိုင် တောင်းဆိုခဲ့တာကလည်း တစ်ထောင့်တစ်နေရာက ထိရောက်တယ်လို့ မြင်မိပါတယ်။ တန့်ဆည်မှာတော့ KIA, PDF အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းရင်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ပေးဆပ်ခဲ့ရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) က မြို့တွေကို MNDAA, TNLA, AA, PDF ပူးပေါင်းတိုက်ခိုက်နေစဉ်မှာလည်း ထိုနည်းတူစွာပါပဲ။ သက်ဆိုင်ရာ တပ်စခန်းမှာ ဦးဆောင်နေသူတွေအပိုင်းက အားနည်းချက်တွေ ရှိခဲ့ရင်တောင် နောက်ကနေ အလုံးအရင်းနဲ့ ကူညီအားဖြည့်ပေးတဲ့ အလုပ်ကို မလုပ်နိုင်ခဲ့ကြပါဘူး။ မလုပ်ခဲ့ကြပါဘူး။
အကြမ်းဖက်နှိမ်နင်းရေးက မလုပ်ဘူးလားလို့ မေးပြန်ရင်လည်း နေ့စဉ်နေ့တိုင်း နယ်မြေရှင်းလင်းရေးမှာ အကြမ်းဖက်သမားတွေ အသေဖမ်းဆီးရမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိတာတွေ ရှိပါတယ်။ အရေးပေါ် အခြေအနေမျိုးမှာ လိုအပ်တဲ့ အကူအညီကို ပံ့ပိုးဆောင်ရွက်ပေးတဲ့အပိုင်းမှာတော့ ပျက်ကွက်မှုတွေ ရှိနေတယ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။
AA အကြမ်းဖက်အဖွဲ့က ဓာတ်ပုံတွေရော ရုပ်သံပါ ထုတ်ပြန်လာတဲ့အခါကြတော့ မြင်ရတွေ့ရတာ ဒေါသထွက် ခံပြင်းစရာပါပဲ။ ဒီလိုအခြေအနေမျိုး မရောက်အောင် ကူညီပံ့ပိုးပေးနိုင်တဲ့ အခြေအနေမှာ အကူအညီ ဆက်သွယ်တောင်းခံကြတာလည်း ရှိပါတယ်။ စစ်ရေးစစ်ရာ ကျွမ်းကျင်သူတွေအဆိုအရ အလုံးစုံ မတင်ပြသင့်ဘူးဆိုတာကြောင့်လည်း အလုံးစုံ မတင်ခဲ့ကြပါဘူး။ ဘရိတ်အုပ်ထားကြပါတယ်။
တာဝန်ရှိသူများထံကို ဒီသတင်းတွေ မရောက်ဘူးလားလို့ မေးရင်လည်း ကျွန်တော်တို့ မတင်ပေမယ့် တင်တဲ့သူတွေ တင်ကြတယ်။ အများပြည်သူကြားမှာတောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြုံတွေ့နေရတဲ့ အခြေအနေကို သိကြတယ်ဆိုရင် တာဝန်ရှိသူတွေ မသိဘဲနေမလား။ သိပင်သိငြား အလေးမထားခဲ့ကြဘူးလို့ပဲ ရိုးရိုးရှင်းရှင်း ပြောကြပါစို့ရဲ့။
AA အကြမ်းဖက်အဖွဲ့က ၁၀-၁၂-၂၀၂၄ ရက်စွဲနဲ့ နခခ(၅) အပါအဝင် မောင်တောတနယ်လုံးကို ထိန်းချုပ်နိုင်ပြီလို့ ဂုဏ်ဆာတဲ့ ထုတ်ပြန်ချက်ကို မှတ်တမ်းတင်ထားပါ။ တပ်မတော်က အခုသွားရှင်းရင် အခုပြာပုံဖြစ်ရမယ်။ တစ်ပတ်ကြာမှ ရှင်းရင်လည်း တစ်ပတ်အကြာမှာ ပြာပုံဖြစ်ရမယ်။ အကြမ်းဖက်သမား ဘယ်လောက်ပင်များပြားစေကာမူ မီးကင်ပြီးသား ဖြစ်ရလိမ့်မယ်။
စာရေးသူတို့အနေနဲ့ကတော့ စစ်ရေးစစ်ရာနဲ့ သက်ဆိုင်သူတွေ မဟုတ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကူအညီလိုအပ်လို့ ဆက်သွယ်လာရင် တာဝန်ရှိသူများထံ လက်လှမ်းမီသမျှ တင်ပြပေးတဲ့ အခြေအနေပဲ ရှိပါတယ်။ အများပြည်သူသိအောင် ချပြပေးနိုင်တာမျိုးပဲ ရှိပါမယ်။ တပ်မတော် ခေါင်းဆောင်ကြီးများက AA အကြမ်းဖက်အဖွဲ့ကို ဘယ်လောက်ကြာအောင် ဂုဏ်ဆာခွင့်ပြုထားမလဲ။ တစ်ပတ်လား၊ တစ်လလား၊ တစ်နှစ်လား ဆိုတာတော့ မပြောတတ်ပါဘူး။
တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး တပ်မတော်နဲ့ တသားတည်းရှိနေတဲ့ ပြည်သူတွေမှာတော့ ဒီလို အဖြစ်ဆိုးမျိုးတွေ ဘယ်မြင်ချင်ပါ့မလဲ။ အခုလို မြင်ကွင်းမျိုးတွေ မြင်တွေ့လာရရင် တာဝန်ရှိသူတွေပါဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ် အဖြေမရနိုင်မှန်း သိသော်လည်း မေးခွန်းထုတ်နေမိကြမှာ မမှန်ပါပဲ။ စစ်ရေးစစ်ရာကို နားမလည်တဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ရပ်များကို အခြေခံပြီး ရိုးရိုးရှင်းရှင်း မြင်မိတာက ဘယ်အကြမ်းဖက်အဖွဲ့ကမှ မြို့တွေကို သိမ်းပိုက်လို့ မရဘူး။ တပ်မတော်ကသာ ခုခံအားနဲ့ ကူညီပံ့ပိုးမှုနဲ့ နှိမ်နင်းရင် အကုန်ရှင်းသွားမှာ ဖြစ်ပါတယ်။ ရှင်းခဲ့တဲ့ သာဓကတွေကိုလည်း မျက်မြင်တွေ့ခဲ့ကြရပြီးပြီပဲ။ အခု AA အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ထားပါပြီဆိုတဲ့ နေရာတွေကို အခု သွားပြန်ရှင်းမယ်ဆိုရင် အခု ပြာပုံဖြစ်မှာတော့ အသေအချာပါပဲ။ AA အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ ပံ့ပိုးပေးနေတဲ့ ပြည်ဖျက်မီဒီယာတွေကနေ တပ်မတော် ပြစ်တင်ပုံချ ရေးသားဖော်ပြမှုတွေလည်း ပလူပျံလာမှာ ဖြစ်ပါတယ်။
စာရေးသူ ပြောသလို ဖြစ်/ မဖြစ် AA အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားပါပြီဆိုတဲ့ မောင်တောတနယ်လုံးကို မလုပ်ပါနဲ့အုံး။ နခခ (၅) ကို ပြာချကြည့်လိုက်ပါ။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment