၂၀၂၄၊ ဒီဇင်ဘာ ၄
ရုရှားစစ်သင်္ဘောများနှင့် တိုက်လေယာဉ်များသည် မြေထဲပင်လယ်အရှေ့ပိုင်း၌ စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အသံထက်မြန်သော၊ ခရုဇ်နှင့် ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။
တနင်္ဂနွေနေ့က စတင်ခဲ့သော အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောသားနှင့် လေတပ်သား ၁၀၀၀ ကျော်၊ သင်္ဘောဆယ်စင်းနှင့် ထောက်ပံ့ရေးသင်္ဘောများ၊ လေယာဉ် ၂၄ စီးနှင့် ကမ်းရိုးတန်းပစ် အတွဲလိုက် ဒုံးကျည်တို့ ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ရုရှားရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Alexander Moiseyev အလက်ဇန်ဒါ မွိုက်ဆီယက်က လေ့ကျင့်မှုကို ကြီးကြပ်ခဲ့သည်။
“တိုက်ခိုက်ရေး လေ့ကျင့်ခန်းအချို့တွင် ရုရှားရေတပ်နှင့် လေတပ်မှ မကြာသေးမီက လက်ခံကျင့်သုံးခဲ့သော ရှုပ်ထွေးသော တိကျသေချာသော လက်နက်များ အသုံးပြုခြင်း ပါဝင်သည်”ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အင်္ဂါနေ့လေ့ကျင့်မှုတွင် ဒုံးကျည်ဖရီးဂိတ်စစ်ရေယာဉ် ရေတပ်ဗိုလ်ချုပ်ဂေါ်ရှကော့ဗ် နှင့် ရေတပ်ဗိုလ်ချုပ် ဂိုလောဗ်ကို တို့က အသံထက်မြန်သော ဇိုင်ရာကွန် ဒုံးကျည်များကို ပစ်ခတ်ခြင်း ပါဝင်သည်။ ရေငုပ်သင်္ဘော နိုဗိုရော့စ်စီယက် သည် ရေကြောင်းပစ်မှတ်သို့ ကာလီဘရာ ခရုဇ်ဒုံးကျည်ကိုလည်း ပစ်လွှတ်ခဲ့သည်။ အဆိုပါ လေ့ကျင့်မှုအား မစ်-၃၁ တိုက်လေယာဉ်များမှ အသံထက်မြန်တဲ့ ကင်ဇာဟယ်ဒုံးများ စမ်းသပ်ပစ်လွှတ်ခြင်းနှင့် ဘက်စ်ရှင် ကမ်းရိုးတန်းပစ် အွန့်ဇ် ခရုဇ်ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်ခြင်း တို့လည်း ပါဝင်ပါသည် ။ သတ်မှတ်ထားသော ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment