Pages

Pages

ပဲခူးမြို့၊ ဆင်ဖြူကွင်းအမှိုက်ပုံ အဝင်ဝအနီးရှိ အမှိုက်များအတွင်း လက်လုပ်မိုင်းဟုယူဆရသည့် မသင်္ကာဖွယ် အထုပ်(၁)ထုပ်တွေ့ရှိ




ပဲခူး၊ ဒီဇင်ဘာ ၅

ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ ဆင်ဖြူကွင်းအမှိုက်ပုံ အဝင်ဝအနီးရှိ အမှိုက်များအတွင်း ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၁:၂၀) နာရီချိန်ခန့်က လက်လုပ်မိုင်းဟုယူဆရသည့် မသင်္ကာဖွယ်အထုပ်(၁)ထုပ်တွေ့ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ အမှိုက်ပုံတာဝန်ခံ ချစ်မင်း မှ မသင်္ကာဖွယ်ရာအထုပ် ()ထုပ်တွေ့ရှိကြောင်း အမှတ်(၂)ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့မှုကြောင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြရာ လက်လုပ်မိုင်းဟုယူဆရသော ပလတ်စတစ်တိတ်များဖြင့်ပတ်လျက်၊ ဝါယာကြိုးများဖြင့်ဆက်ကာသွယ်တန်းထားသည့် အထုပ်(၁)ထုပ်အား စစ်ဆေးတွေ့ရှိခဲ့ရသည်။

 ဓာတ်ခဲအတွဲနှင့် ဝါယာကြိုးမျာ ဒုအရာခံဗိုလ်ဝင်းကြိုင်နှင့် အဖွဲရောက်ရှိလာပြီး တိပ်အကြည်ဖြင့်ပတ်ထားသော အထုပ်အတွင်းတွင် ပါဝါဘန့်အတွင်း ပါရှိသော ဓာတ်ခဲအတွဲနှင့် ဝါယာကြိုးများချိတ်ဆက်ထားသည်ကို တွေရှိရသဖြင့် ပေါက်ကွဲစေသောယမ်းနှင့် စပ်ဆက်ပစ္စည်းမပါသဖြင့် မပေါက်ကွဲနိုင်သည့် ပစ္စည်းဖြစ်သောကြောင့် တပ်သို့ယူဆောင်သွားကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment