Pages

Pages

ကျောက်ဆည်မြို့ အမှတ်(၈) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)နှင့် ဆုံဆို့၊မေးခိုင်ရောဂါ ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်း ဆောင်ရွက်



ကျောက်ဆည် ,ဒီဇင်ဘာ ၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၈) အခြေခံပညာမူလန်း(လွန်)ကျောင်းတွင် သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန် နေ့ နံနက်(၉) နာရီက အဆိုပါကျောင်း၌ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးအား ကျောက်ဆည်မြို့နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများက ကြီးကြပ်၍ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်း ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၅)နှစ်မှ(၇)နှစ်အတွင်း ကျောင်းသားများအား ဆုံဆို့၊ မေးခိုင်(DT) ကာကွယ်ဆေးတို့ကို ထိုးနှံပေးခဲ့သည်။ သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျောင်းသူ(၃၀)ဦး၊ ဆုံဆို့၊မေးခိုင်(DT) ကာကွယ်ဆေးထိုးနှံ ကျောင်းသား၊ကျောင်းသူ(၇၉)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာလ(၄)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျောက်ဆည်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ကျောင်းသူ (၅၂၅၅)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စုစုအေး(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment