ဓနုတိုင်းရင်းသားရိုးရာ အဆင့်မြင့်ဝတ်စုံချုပ်လုပ်ခြင်း သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုတိုင်းရင်းသားရိုးရာ အဆင့်မြင့်ဝတ်စုံချုပ်လုပ်ခြင်း သင်တန်းဆင်းပွဲ ကျင်းပ









ရပ်စောက်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် ဓနုတိုင်းရင်းသားဝတ်စုံ (အဆင့်မြင့်) စက်ချုပ်သင်တန်းဆင်းပွဲ ကို ယနေ့ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသာ မှ အမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ပြီး သင်းတန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘမော် က သင်တန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)