နေပြည်တော်၊ ဒီဇင်ဘာ ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ၈-၁၂-၂၀၂၄ ရက်နေ့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်မည့် ပေကျင်းမြို့ အခြေစိုက် အာဆီယံ-တရုတ်စင်တာ (ASEAN China Centre - ACC)၏ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို တရုတ်နိုင်ငံသား ခရီးသည်များ ပိုမိုသိရှိလာရောက်လည်ပတ်ရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် တရုတ် ဘာသာစကားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပိုမိုပါဝင်လာနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် ဝန်ကြီး ဌာနနှင့် အာဆီယံ-တရုတ်စင်တာတို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အာဆီယံ - တရုတ်စင်တာ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့အား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယမန်နေ့က ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ပထမအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်း ညီလာခံတက်ရောက်ရန် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment