လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ဒီဇင်ဘာအားကစားလလူထုလမ်းလျှောက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ဒီဇင်ဘာအားကစားလလူထုလမ်းလျှောက်ပွဲ ကျင်းပ





ရန်ကုန်၊ ဒီဇင်ဘာ ၂၈

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ မြို့နယ်စုပေါင်းရုံးအိမ်ရာအတွင်းရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်စုရပ်အဖြစ်သတ်မှတ်ပြီး ၂၈-၁၂-၂၀၂၄ရက်နေ့(၀၅၄၅)အချိန်မှစ၍ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ကျင်းပခဲ့သည်။

လူထုလမ်းလျှောက်ပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊အဖွဲ့ဝင်(၁)ဗိုလ်မှုးသိန်းဇော်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးတင်အောင်ဖြိုး၊ အဖွဲ့ဝင်(၂)ဦးကျော်သူဝင်း၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှုးဦးသိန်းလွင်၊ မြို့နယ်ပညာရေးမှုးဦးကြည်ထွန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာဦးမျိုးလှိုင်၊ မြို့နယ်အားကာဦးစီးအရာရှိ ဦးဇော်ထိုက်အောင်၊ မြို့နယ်ပြန်ဆက်ဦးစီးမှုးဦးမြင့်ဇော်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များစုစုပေါင်းအင်အား(၆၂၁)ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ချီတက်လမ်းလျှောက်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့မှ ရုံးရှေ့လမ်းအတိုင်း နည်းပညာကျောင်းလမ်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး မြို့နယ်ခန်းမရှေ့တွင်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ရာ (၀၆ ၃၀)အချိန်တွင်ဒီဇင်ဘာအားကစားလလူထုလမ်းလျှောက်ပွဲ ပြီးဆုံးခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)