ရုရှားကို ဒုံးတွေနဲ့သွားမကစားနဲ့ လို့ ဂျာမန်အဓိပတိ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားကို ဒုံးတွေနဲ့သွားမကစားနဲ့ လို့ ဂျာမန်အဓိပတိ ဆို


၂၀၂၄၊ ဒီဇင်ဘာ ၁

ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးဇ်က ယူကရိန်းကို တူးရက်စ်တာဝေးပစ်ဒုံးတွေကို ပို့ပေးရန် စီစဉ်နေမှုအား အပြင်းအထန် ဆန့်ကျင်လိုက်ပြီး ရုရှားကို ဒုံးတွေနဲ့ သွားမကစားနဲ့ဟု သတိပေးပြောကြားလိုက်သည်။ 

အထူးသဖြင့် တာဝေးပစ်ဒုံးကျည်များနှင့် ပတ်သက်၍ ရုရှား-ယူကရိန်း ပဋိပက္ခတွင် ယူကရိန်းအား ထောက်ခံမှု အပေါ် ဂျာမနီနိုင်ငံအနေဖြင့်  အလျင်စလို မဆင်မခြင် ဆုံးဖြတ်ချက်များ မချသင့်ကြောင်း အဓိပတိ က ပြောကြားခဲ့သည်။

လာမည့်နှစ် ဖက်ဒရယ်ရွေးကောက်ပွဲတွင် အဓိပတိအဖြစ် ရွေးချယ်ခံရသူ ဖရိုက်ဒရစ်မာဇ် က  ယူကရိန်းကို တိုက်ခိုက်နေသည့် ပစ်မှတ်များကို ရပ်တန့်စေရန် ရုရှားအား ရာဇသံပေးသင့်ပြီး မလိုက်နာပါက ဘာလင်အစိုးရ အနေဖြင့်  ဒုံးကျည်အကွာအဝေးဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်သိမ်းကာ ကိယက်ဗ်အစိုးရသို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် လက်ရှိ အဓိပတိဖြစ်သူက ၎င်းအားသတိပေး ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။

“ကျွန်တော်ပြောချင်တာက ၊ ကျွန်တော်တို့ ဂျာမနီနိုင်ငံလုံခြုံရေးနဲ့ပတ်သက်ပြီး ရုရှားကို အထူးဂရုစိုက်ဖို့ လိုပါတယ် ။ သူတို့နဲ့ သွားမကစားပါနဲ့။ အခြေအနေ တည်ငြိမ်ရေးကို ဦးစားပေးပြီးလုပ်ပါ။ ခေါင်းချင်းတိုက်ဖို့မကြိုးစားပါနဲ့” ဟု အိုလက်ဖ်ရှိုးဇ်က ပြောပါသည်။ 


REF: RT 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)