ပရာ့ဂ်မြို့၊ ဒီဇင်ဘာ ၂၀
ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများဖြင့် ဖွဲ့စည်းထား သည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Duong Hoai Nam က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဦးစီးကျင်းပသည့် (၂၇)ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးနှင့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ သံရုံးအကြီးအကဲများသည် (၂၆)ကြိမ် မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ ၂၀၂၄ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်ခဲ့သည့် ပူးတွဲလှုပ်ရှားမှုများ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်းနှင့် ၂၀၂၅ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်နိုင်မည့် လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ချက်သမ္မတနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု များနှင့် အာဆီယံ၏ဖြစ်ပေါ်တိုးတက်မှုများကို ဗီယက်နမ်သံအမတ်ကြီးနှင့် ထိုင်းသံအမတ် ကြီးတို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ချက်သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂတို့နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေ၊ ဖြစ်ပေါ်တိုးတက်မှုများအား သံရုံးတစ်ရုံးချင်းစီမှ မျှဝေဆွေးနွေးခဲ့ကြသည်။
ထို့နောက် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ ၂၀၂၅ခုနှစ် ပထမနှစ်ဝက်အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Duong Hoai Nam မှ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Suwat Kaewsook ထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment