ဟားခါးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

 



ဟားခါး , ဒီဇင်ဘာ ၃၁


ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ယနေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များက လွတ်လပ်ရေးနေ့ သမိုင်းကြောင်းနှင့် လွတ်လပ်ရေးအနှစ်သာရကို သိရှိနားလည်ပြီး လွတ်လပ်ရေးအဓွန့်ရှည် တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပန်းချီပြိုင်ပွဲ၏ခေါင်းစဉ်မှာ လွတ်လပ်ရေးအားမာန်ခေါင်းစဉ်ဖြစ်ပြီး အထက်တန်းအဆင့်မှ (၁၂)ဦး၊ အလယ်တန်းအဆင့်မှ (၇)ဦး ၊ မူလတန်းအဆင့်မှ (၂၅)ဦး ၊ ပေါင်း(၄၄)ဦးကလည်းကောင်း၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်မှာ လွတ်လပ်ရေးအမွေဖြစ်ပြီး အထက်တန်းကျောင်းသား ကျောင်းသူ(၂၀)ဦးကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်မှာ လွတ်လပ်ရေးနေ့နှင့်လူငယ့်တာဝန်ဖြစ်ပြီး အလက်တန်းကျောင်းသား ကျောင်းသူ(၂၂)ဦးကလည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်မှာ လွတ်လပ်ရေးအောင်ပွဲနေ့ဖြစ်ပြီး မူလတန်းကျောင်းသား ကျောင်းသူ(၂၄)ဦးကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ ခေါင်းစဉ်မှာ လွတ်လပ်ရေးအောင်ပန်းဖြစ်ပြီး အထက်တန်းကျောင်းသား ကျောင်းသူ(၁၉)ဦးကလည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲခေါင်းစဉ်မှာ လွတ်လပ်ရေး၏တန်ဖိုးဖြစ်ပြီး အလယ်တန်းကျောင်းသား ကျောင်းသူ(၂၃)ဦးကလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများတွင် ပထမ ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဆုများထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)