၂၀၂၄၊ ဒီဇင်ဘာ ၁၄ ( စနေနေ့ )
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာတ်ဇ် သည် ဆီးရီးယားနိုင်ငံတွင်းမှ အစ္စရေး စစ်တပ်ကို ဆုတ်ခွာရန် နိုင်ငံတကာက တောင်းဆိုမှုများ တိုးလာနေသော်လည်း သိမ်းယူထားသော ဆီးရီးယားနယ်မြေတွင် ဆက်လက်နေထိုင်ရန် ပြင်ဆင်ထားပါဟု အစ္စရေးတပ်ဖွဲ့များအား အမိန့်ပေးခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ၁၉၇၄ ခုနှစ်တွင် ထူထောင်ခဲ့သော ဆီးရီးယားနယ်စပ်ရှိ စစ်မဲ့ကြားခံဇုန် (DMZ) ကို သိမ်းပိုက်ခဲ့ပြီး ၁၉၆၇ ခုနှစ်ကတည်းက တရားမဝင်သိမ်းပိုက်ထားခဲ့သော ဂိုလန်ကုန်းမြင့်ဒေသကို ကျော်လွန်တိုးချဲ့ခဲ့သည်။ ကာတ်ဇ် က IDF အနေနဲ့ "သင့်လျော်သောအဆောက်အဦများတပ်ဆင်ရန်နှင့် ဆီးရီးယားရှိ ဟာမွန်တောင်ပေါ်တွင်ရှိနေရန် စစ်သားများအတွက် အထူးပြင်ဆင်မှုများပြုလုပ်ရန်" IDF ကို ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
လက်ဘနွန်နယ်စပ်အနီးရှိ ဟာမွန်တောင်သည် ဒမတ်စကတ်ကို အပေါ်စီးမှမြင်ရသည့် ဗျူဟာမြောက်နေရာ ဖြစ်သည်။ ဆီးရီးယားတွင် အမြင့်ဆုံးတောင်ဖြစ်သောကြောင့် လက်ဘနွန်ရှိ ဒေသများအပါအဝင် ဒေသအနှံ့ လေ့လာကြည့်ရှုရန်အဆင်ပြေသည့် ကုန်းပြင်မြင့်တစ်ခု ဖြစ်သည် ။ ဟာမွန်တောင်ပေါ်တွင် ရေဒါများ ချထားခြင်းဖြင့် အစ္စရေးသည် ပိုမိုကျယ်ပြန့်သော ဧရိယာကို စောင့်ကြည့်နိုင်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
“ဆီးရီးယားမှာ ဖြစ်ပျက်နေတဲ့အရာတွေကြောင့် ဟာမွန်တောင်ထိပ်ကို ထိန်းထားနိုင်ဖို့ လုံခြုံရေးက အလွန် အရေးကြီးပါတယ်” ဟု ကာတ်ဇ် က မီဒီယာများကို ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆီးရီးယားနှင့် အစ္စရေးကြား ပဋိပက္ခကို ရပ်တန့်စေခဲ့သော ၁၉၇၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းရန် ထိရောက်သော အင်အားမရှိမချင်း အစ္စရေးသည် ကြားခံဇုန်တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျက် ဆလီဗန် က ပြောကြားခဲ့သည်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment