ပွင့်ဖြူမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် လုံခြုံရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် လုံခြုံရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်





ပွင့်ဖြူ၊ ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် ဖွဲ့စည်းထားရှိသော မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေနှင့် လုံခြုံရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များအနေဖြင့် လိုက်နာရမည့် သစ္စာအဓိဋ္ဌာန်(၅)ချက်နှင့် ကျင့်ဝတ်ဆောင်ပုဒ်များကို စည်းကမ်းတကျ လေးစားလိုက်နာကြရန် လိုအပ်ကြောင်း၊ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ ပြည်သူများအပေါ် ငွေကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သော ပြုမူလုပ်ဆောင်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ မိမိတို့အား ပေးအပ်ထားသော တာဝန်များကို လစ်ဟာမှုမရှိအောင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ အားကိုးထိုက်သော ပြည်သူ့လုံခြုံရေးအဖွဲ့အဖြစ် ရပ်တည်နိုင်အောင် ကျေပွန်စွာ လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက်  မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် (၅၀) ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် (၁၀၅၄၀၀၀၀) နှင့် လုံခြုံရေးလုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )            

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)