တာချီလိတ်မြို့တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၁၇ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်ရှိ ကျန်ကြားအန် ၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများပိုင်ရှင် တွမ်လောင်ဖူး(ခ) အားဟွာ ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တွမ်ရှီးခွမ် အား စိတ်ပြောင်း ဆေးဝါး Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလို နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလို၊ အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား၊ Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)