ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇ဝ ကီလိုနှင့် Happy Water ၂ ဒသမ ၆ ကီလို ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇ဝ ကီလိုနှင့် Happy Water ၂ ဒသမ ၆ ကီလို ဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၂၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်း လိုက်ပါလာသည့် TOYOTA DYNA မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် သံတို/သံစများဖြင့် ဖုံးအုပ်တင်ဆောင်လာသည့် သံသေတ္တာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ညနေ ၆ နာရီအချိန် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူများဖြစ်သည့် နိုင်နိုင်ဝင်း(ခ)ရှက်ဖီး နှင့် တင်ထွန်းနိုင် တို့အား ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်းရှိဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် မြို့မှ ပဲခူးမြို့သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)