ပေါင်၊ ဒီဇင်ဘာ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌အခြေခံပညာကျောင်းများတွင် ကျောင်း အခြေပြုသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)နှင့် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်း မှစတင်ကာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဆရာမ များက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း များက အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေးကိုလည်းကောင်း ၊အသက် (၅)နှစ်မှ(၇)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်(DT) ကာကွယ်ဆေးတို့ကိုလိုက်လံ ထိုးနှံပေးခဲ့သည်။
အဆိုပါ (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ယနေ့ တွင် အခြေခံပညာမူလတန်းကျောင်း (၄)ကျောင်းမှ ကျောင်းသူ ( ၇၀ )ဦးနှင့် (DT) ဆုံဆို့ မေးခိုင်ကာကွယ်ဆေးထိုးနှံသူ ( ၂၁၀ )ဦးစုစုပေါင်း (၂၈၀)ဦး ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးများကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှဝန်ထမ်းများက ဒီဇင်ဘာလ (၅) ရက်နေ့မှ (၁၂ ) ရက်နေ့အထိ အခြေခံပညာကျောင်းများသို့သွားရောက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment