နေပြည်တော်၊ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၌ ကျင်းပပြုလုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်း ဆောင်ရန် လူငယ်များကိုဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများလုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ရေးသားထားသည့် သတင်းမှားသာဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ တွင် ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းပြေပျော်ရွှင်စေ ရန်နှင့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်လျက်ရှိရာ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက မနာလိုမရှုစိတ်ဖြင့် ယခုကဲ့သို့ မိဘပြည်သူများကို စိုးရိမ်ပူပန်မှု မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment