မြေလတ်အသံ သတင်းဌာနအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများအဖွဲ့မှ အမျိုးသမီးသတင်းထောက်နှင့် ပါတနာဖြစ်သူအား နီပိန်း ပဒက် တစ်ကောင် က ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး NUG အကြမ်းဖက်အဖွဲ့အနေဖြင့် ဖြေရှင်းပေးရန် တောင်းဆိုထားသည်ကို တွေ့ရသည်။
မြေလတ်အသံ သတင်းဌာန အမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများအဖွဲ့မှ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ Transgender အမျိုးသမီးတဦးအား ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီအချိန်၌ ဝင်းကျော်ဆိုသည့် အမျိုးသားက ကိုယ်ထိလက်ရောက် တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့်အချိန်၌ မငြိမ်းချမ်းမေသည် အင်တာနက်ဆိုင်အတွင်း အင်တာနက် အသုံးပြုကာ အလုပ် တာဝန်ထမ်းဆောင်နေသည့်အချိန် ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာန၌လည်း သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခဲ့သည့် အမျိုးသားက သိရှိထားပြီးဖြစ်ကြောင်း၊ အမျိုးသားက သတင်းထောက်ငြိမ်းချမ်းမေ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြင် ငြိမ်းချမ်းမေ၏ သတင်းထောက်အလုပ်နှင့် အလုပ်လုပ်နေသည့် သတင်းဌာနကိုပါစော်ကားပြောဆိုမှုများလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ငြိမ်းချမ်းမေ၏ Partner ဖြစ်သူ သော်သော်(Transgender အမျိုးသမီးတဦး) ကိုလည်း နှုတ်အားဖြင့်စော်ကားပြောဆိုပြီးနောက် မျက်နှာကို ကိုယ်ထိလက်ရောက် ထိုးနှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့်အချိန်တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများ ရှိနေပြီး ၎င်းတို့မှ ဖြစ်စဉ်အပေါ် တစုံတရာ ကြားဝင်ဖြန်ဖြေ တားမြစ်ခြင်းမရှိခဲ့သည့်အတွက် မြေလတ်အသံ အကြမ်းဖက်လှုံ့ဆော်သူများအဖွဲ့မှ မကျေမနပ် ဖြစ်နေသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ပသြဇာခံ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ကို အကူအညီတောင်းခံထားသည်ကို တွေ့ရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment