ပေါက်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့များက Drop Bomb များ ပစ်ချတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့များက Drop Bomb များ ပစ်ချတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေ


ပေါက်၊ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့များက ဒရုန်းအသုံးပြု၍ Drop Bomb ပစ်ချတိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဒေသခံတစ်ဦးက "25-11-2024 ရက်နေ့ကစပြီး Drop Bomb တွေနဲ့ ချနေတာ အခုချိန်အထိ ၈ ရက်ရှိသွားပြီ။ တစ်ရက်ကို Drop Bomb အလုံးရေ ၁၀၀ လောက် ချတယ်။ ဒီနေ့ ဆိုရင် ၁၀၀ တောင် ကျော်သွားပြီ။ ဒီနေ့ ချတာ တော်တော်စိပ်တယ်။ လူဦးရေ ထိခိုက်တာဆိုရင် တရော်ကိုင်းရွာက ၂ယောက် ဆုံးသွားတယ်။ ဇီးပြားရွာ က ကလေးတစ်ယောက် ဆုံးသွားရတယ်။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ တပ်မတော်အရာရှိတစ်ယောက်လည်း ပါတယ်။ ၅ယောက် ရှိသွားပြီ။ တပ်က အရာရှိကလည်း စိုးရိမ်ရတယ်။" ဟု ပြောသည်။

ဒေသတွင်း PDF အကြမ်းဖက်လှုပ်ရှားမှုများကို အထက်သို့ တင်ပြကြောင်း၊ စုဝေးလှုပ်ရှားနေရာများကိုလည်း သတင်းရရှိကြောင်း၊ လေယာဉ်ဖြင့် ရှင်းလင်းပေးမှသာ အဆင်ပြေမည် ဖြစ်ကြောင်း၊ ဒီအတိုင်းဆိုရင် ပြည်သူ့စစ်ကျေးရွာများမှာ ခုခံကာကွယ်ရန် မလွယ်ကူကြောင်း၊ ရှင်းလင်းဆောင်ရွက်နိုင်မည့် လက်နက်လည်း မြေပြင်တပ်ဖွဲ့ဝင်များတွင် မရှိကြောင်း၊ Drop Bomb လာချရင် သူတို့ရဲ့ လာရာကို ကောင်တာ ပြန်ပစ်နိုင်မည့် လက်နက်များ လိုအပ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)