PDF အမည်ခံအကြမ်းဖက်သမားများက ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား မီးရှို့ဖျက်ဆီး ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာအတွင်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား မီးရှို့ဖျက်ဆီး ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာအတွင်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်



 

PDF အမည်ခံအကြမ်းဖက်သမားများက ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား မီးရှို့ဖျက်ဆီး

ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာအတွင်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်


နေပြည်တော်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာလ ၂၉ ရက် ည ၁၁ နာရီ၊ ၄၅ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အလျား ၁၀၈ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၂၂ ပေရှိ ကွန်ကရစ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ အုပ်ညှပ် ၂ ထပ်၊ စာသင် ဆောင်အား မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာ အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။

NUG လက်ဝေခံ PDF အမည်ခံအကြမ်းအဖွဲ့များသည် အနာဂတ်ရင်သွေးငယ် များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများများအား အကြောက်တရား လွမ်းမိုးစေရန် အဝေးမှနေ၍ လက်နက်ကြီးများ၊ Drone များအသုံးပြု၍ နှောင့်ယှက် ပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့လုပ်ဆောင် လျက်ရှိသည်။

လုံခြုံရေးအဖွဲ့များအနေဖြင့် အထက်ပါဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများ အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)