အင်္ဂပူမြို့ကို PDF အကြမ်းဖက်အဖွဲ့ဝင်ရောက်နေပြီဟု မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့ကို PDF အကြမ်းဖက်အဖွဲ့ဝင်ရောက်နေပြီဟု မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေ



အင်္ဂပူ၊ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားနေပြီ ဟူသော သတင်းများကြောင့် ဒေသခံသတင်းများ စိုးရိမ်သောက ဖြစ်နေရကြောင်း သိရသည်။

အင်္ဂပူမြို့မှ ဒေသခံတစ်ဦး က "ဓနူဖြူက လူတွေက အင်္ဂပူအတွက် စိတ်ပူနေကြတာ။ ဖုန်းတွေဆက်ပြီး ပြောနေကြတာပေါ့ဗျာ။ အင်္ဂပူမြို့နယ်ထဲမှာ PDF တွေ လှုပ်ရှားနေပြီလိုလို ဘာလိုလိုပေါ့ဗျာ။ ဘယ်က သတင်းကြားတာလဲလို့ မေးတော့ RFA က ကြေညာသွားတာ ကြားလို့တဲ့။ ဘာမှ လှုပ်ရှားမှုမရှိပါဘူးဗျာ။ ပြည်သူများ စိုးရိမ်ပူပန်အောင် သက်သက် လုပ်နေကြတာပါ။" ဟု ပြောသည်။

NUG အကြမ်းဖက်အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်ရန် လှုံ့ဆော်ထားပြီး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ မဟုတ်/မမှန် လုပ်ကြံဖန်တီးရေးသား၍ ဒေသခံများ စိုးရိမ်သောက ရောက်အောင် ဖန်တီးလုပ်ဆောင်နေဖြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)