မတ္တရာမြို့နယ်တိုက်ပွဲအတွင်း TNLA/PDF အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်တိုက်ပွဲအတွင်း TNLA/PDF အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများပြား


မတ္တရာ၊ ဒီဇင်ဘာ ၂၁

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်ကြားရှိ ထန်းပင်ကုန်းကျေးရွာ တိုက်ပွဲအတွင်း TNLA/PDF အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှု များပြားလာသည်ကို တွေ့ရသည်။

တပ်မတော်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ TNLA/PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကလည်း အကြမ်းဖက်သမား သေဆုံး ရုပ်အလောင်း မှတ်တမ်းများ ထွက်ပေါ်လာပြီး ယနေ့ အကြမ်းဖက်သမား သေဆုံးဓာတ်ပုံများ ထပ်မံဖော်ပြထားသည်။

မတ္တရာမြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် မစဖအဖွဲ့ဝင် ဗိုလ်မှူးကို လုပ်ကြံသတ်ဖြတ်သည်အထိ လုပ်ဆောင်ခဲ့ကြသည်။ မတ္တရာမြို့နယ်အတွင်း TNLA/PDF အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)