ဝါရှင်တန်၊ ဒီဇင်ဘာ ၇
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (WTCDC) က ကြီးမှူး၍ (၁၁) ကြိမ်မြောက် နိုင်ငံခြားသံရုံးများ၏ ဆောင်းရာသီဈေးရောင်းပွဲတော် (11th Annual Embassy Showcase: Winternational) ကို ၅-၁၂-၂၀၂၄ ရက်တွင် ဝါရှင်တန်ဒီစီမြို့ရှိ Ronald Reagan Building and International Trade Center (RRB/ITC) ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့က ပါဝင်ဆင်နွှဲခဲ့သည်။
အဆိုပါဈေးရောင်းပွဲတော်သို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့အပါအဝင် ဝါရှင်တန်မြို့အခြေစိုက် နိုင်ငံခြား သံရုံးများမှ ပါဝင်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုအနုပညာပစ္စည်းများ၊ ဒေသထွက်ကုန် များကို ပြသရောင်းချခဲ့ကြကာ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဆိုင်ရာ အချက်အလက်များကို မျှဝေခဲ့ကြပါသည်။ မြန်မာသံရုံးပြခန်း၌ ခရီးသွားလုပ်ငန်းနှင့် ရှုခင်းသာဗွီဒီယိုများကို ပြသခဲ့ပြီး မြန်မာ့အနုပညာလက်ရာများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုလက်မှုပစ္စည်းများ၊ ရွှေချည်ငွေချည်ထိုးများ၊ မြန်မာ့ယွန်းထည်များနှင့်ဒေသ ထွက်ကုန် ကော်ဖီ၊ လက်ဖက်ခြောက်တို့ကို ပြသရောင်းချခဲ့သည့်အပြင် လာရောက်လေ့လာသူများအား မြန်မာထွက် ကော်ဖီ၊ လက်ဖက်ရည်ကြမ်းတို့ဖြင့် မိတ်ဆက်ဧည့်ခံခဲ့သည်။
ဖော်ပြပါ Winternational Embassy Showcase ဈေးရောင်းပွဲတော်ကို လူထုဆက်ဆံရေးသံခင်း တမန်ခင်း ဆိုင်ရာ အစီအစဉ်တစ်ရပ်အဖြစ် ၂၀၁၁ ခုနှစ်မှ စတင်၍ ကျင်းပခြင်းဖြစ်ပြီး သံတမန်အသိုက်အဝန်း အကြား ဆင်နွှဲသည့် ယဉ်ကျေးမှုပွဲတော်တစ်ခုလည်း ဖြစ်သည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment