ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA က အကြမ်းဖက်နှိမ်နင်းရေး လုံခြုံရေးတပ်ဖွဲ့များအား ဆီ၊ ကြက်သွန်နီ/ဖြူ၊ ကြာဇံခြောက်များ ထောက်ပံ့လှုဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA က အကြမ်းဖက်နှိမ်နင်းရေး လုံခြုံရေးတပ်ဖွဲ့များအား ဆီ၊ ကြက်သွန်နီ/ဖြူ၊ ကြာဇံခြောက်များ ထောက်ပံ့လှုဒါန်း




ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ (ထန်းတပင်မြို့နယ်) ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်အား ရိက္ခာခြောက်ဖြစ်သော ဆီ( ၅) ပိဿာ၊ ကြက်သွန်နီ/ဖြူ၊ ကြာဇံများ တန်ဘိုးငွေကျပ်( ၃)သိန်းကျပ်ဘိုးအား သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မြို့နယ်စစ်ကြောင်းမှုး ဗိုလ်မှုးတင်ဝင်းနှင့် တာဝန်ခံများထံသို့ ရန်ကုန်တိုင်း-ဗုဒ္ဓဘာသာကလျာဏယုဝအသင်း တိုင်း တွဲဘက်အတွင်းရေးမှုး ဦးစိုးဝင်း၊ မှော်ဘီခရိုင် ဒုဥက္ကဋ္ဌ ဦးကျော်ပိုင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးသန်းဝင်း၊ ဒုဥက္ကဋ္ဌ ဦးစိန်သောင်း၊ ဦးဇော်သိန်း၊ အတွင်းရေးမှုး ဦးရန်လင်းအောင်၊ အဖွဲ့ဝင် ဦးကျော်ဇင်ဝင်းတို့မှ နံနက်( ၁၀း၀၀) အချိန်က သွားရောက်လှုဒါန်းခဲ့ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)