ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ ပင်းတယမြို့ရှိ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများနှင့် စတူဒီယိုများ တည်ဆောက်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ ပင်းတယမြို့ရှိ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများနှင့် စတူဒီယိုများ တည်ဆောက်နေမှု ကြည့်ရှုအားပေး



နေပြည်တော်၊ ဇန်နဝါရီ ၂၉ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယနေ့ နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ Forever Yay Wati ကုမ္ပဏီလီမိ တက်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရုပ်ရှင် နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများအတွက် အခြေခံ အဆောက်အအုံများနှင့် စတူဒီယိုများ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ရှင်းလင်းဆောင်၌ Forever Yay Wati ကုမ္ပဏီမှ Project Director ဦးသိန်းထွန်း အောင်က ပင်းတယဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် စိမ်းလန်းစိုပြည်ရေးကို အခြေခံသော ရုပ်ရှင်နှင့် ရုပ်မြင် သံကြား ရိုက်ကူးထုတ်လွှင့်မှု လုပ်ငန်းများအတွက် အခြေခံ အဆောက်အအုံများနှင့် စတူဒီယို များ တည်ဆောက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။ အောင်မြင်အောင် ဆောင်ရွက် ယင်းနောက် တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်ကြားရေးဝန်ကြီးဌာနအနေ ဖြင့် ရုပ်ရှင်နှင့်အနုပညာလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၊ ယခုစီမံကိန်းသည် ရုပ်ရှင်အဆင့်အတန်း မြင့်မားလာရေးနှင့် ရုပ်ရှင်မှတစ်ဆင့် ဒေသစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လုပ်ဆောင်သည့် စီမံကိန်း ဖြစ်သဖြင့် ကောင်းမွန်သည်ဟု ပြောကြားလိုကြောင်း၊ ရုပ်ရှင်မြို့တော် ပေါ်ပေါက်လာရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအား နိုင်ငံတော်အစိုးရက လိုအပ်သည့် မြေနေရာများ ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အပြောလွယ်သလောက် လုပ်ဆောင်ရသည်မှာ ခက်ခဲပါကြောင်း၊ ယခုအကောင်အထည် ဖော်သည့် လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံရသည့် ပမာဏ များပြားလွန်းသဖြင့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ဤစီမံကိန်းအောင်မြင်ပါက ပင်းတယဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရုံသာမက ခရီးသွား လုပ်ငန်းများကိုပါ တွဲဆက် လုပ်ကိုင်နိုင်မည်ဖြစ်သဖြင့် မိမိ တို့အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အောင်မြင်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ် အစိုးရတို့နှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စီမံကိန်း ဧရိယာအတွင်းရှိ မြေနေရာများတွင် ဒေသနှင့် ကိုက်ညီသည့်စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် စိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်တွင် ယခုကဲ့သို့ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့မြင်ရ၍ ဝမ်းမြောက်မိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်သတ်မှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် Forever Yay Wati ကုမ္ပဏီက ရုပ်ရှင်နှင့် ရုပ်မြင် သံကြား ရိုက်ကူးထုတ်လွှင့်မှု လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ မြေဆီလွှာ ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စတူဒီယိုများ၊ နားနေဆောင်များ၊ ရိုက်ကူးရေးသုံး အဆောက်အအုံ များအား မော်တော်ယာဉ်ဖြင့်လှည့်လည်ကြည့်ရှုသည်။ 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွက် MRTV DTH စလောင်း အစုံ ၂၀ နှင့် DVB T2 Set top box အလုံး ၅၀ အား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းသို့ ပေးအပ်သည်။

နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့သည် တောင်ကြီးရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို ပြီး စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီး တော်အသစ် တင်လှူပူဇော်ခြင်း လုပ်ငန်းများကိုကြည့်ရှုကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာစေတီတော်မြတ် ကြီးအား သွားရောက်ဖူးမြော် ကြည်ညို၍ အလှူငွေများ ပေးအပ် လှူဒါန်းသည်။

စူဠာမုနိ လောကချမ်းသာစေတီတော်မြတ်ကြီးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၈-၅-၂၀၂၃ ရက်နေ့က ရောက်ရှိဖူးမြော်စဉ် လမ်းညွှန်မှာကြားချက်အရ စေတီတော်မြတ်ကြီး မိုးရေယိုစိမ့်မှုပြင်ဆင်ခြင်း လုပ်ငန်းကို ၂၅-၃-၂၀၂၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၃၀-၁၁-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း လုပ်ငန်းကို ၂၄-၁၂-၂၀၂၃ ရက်နေ့ တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၅-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ စေတီတော်မြတ်ကြီး အတွင်း၊ အပြင် ဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်း၊ ဘက်စုံ ပြုပြင်မွမ်းမံခြင်းနှင့် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ၁၂-၄-၂၀၂၄ ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၃၀-၁၁-၂၀၂၄ ရက်နေ့တွင် လည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ 


#MNP #News

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)