တောင်ကိုရီးယားမှာ ရဲ နဲ့ စစ်တပ် ထိပ်တိုက်တွေ့နေကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကိုရီးယားမှာ ရဲ နဲ့ စစ်တပ် ထိပ်တိုက်တွေ့နေကြပြီ


ဇန်နဝါရီ - ၃ ( သောကြာနေ့ ) 

ဒီကနေ့မနက် အစောပိုင်းက တောင်ကိုရီးယားသမ္မတကို ဖမ်းဖို့လာတဲ့ ရဲတွေကို စစ်တပ်ကတားဆီးပြီး ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ နိုင်ငံတော် အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေး ကြေညာခဲ့လို့ လွှတ်တော်က စွတ်စွဲပြစ်တင်ခံထားရပြီး ဆိုးလ်တရားရုံးက နိုင်ငံတော်မတည်မငြိမ်ဖြစ်စေမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရုံး( CIO)က တာဝန်ရှိ ရဲအရာရှိတွေက ဒီနေ့မနက်အစောပိုင်းမှာ လာရောက်ဖမ်းဆီးတာကို သမ္မတလုံခြုံရေးစစ်တပ်( PSS) က တာဆီးပြီး သမ္မတအိမ်တော်ရာအတွင်းသို့ ဝင်ရောက်ခြင်းအား ပိတ်ဆို့ထားပါတယ်။ 

တောင်ကိုရီးယားရဲနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံမှုက မကြုံစဖူးတင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ထောင်နှင့်ချီသော သမ္မတကို ထောက်ခံသူများက ယွန် ၏နေအိမ်အနီးတွင် စုဝေးခဲ့ကြပြီး ဖမ်းဆီးရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့ပါတယ်။ ကြာသပတေးနေ့ကလည်း ဆန္ဒပြသူ ၃၀ ခန့်က ရဲအတားအဆီးကို ဖြတ်ကျော်ကာ ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် အတင်းအကျပ် ဖယ်ရှားခံခဲ့ရ ပါတယ်။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဆိုးလ်တရားရုံးတစ်ခုက ယွန်အား ဒီဇင်ဘာ ၃ ရက်နေ့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာစာကို ချုပ်ကိုင်မှု၊ သူပုန်ထမှုအား ကြိုးကိုင်မှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် စွဲချက်တင်ကာ ဖမ်းဝရမ်းကို အမိန့်ထုတ်ခဲ့ပါတယ်။ ယွန်က အဆိုပါ စွဲချက်များနှင့် ပတ်သက်၍ မေးမြန်းရန် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုပြီးနောက် CIO က ဖမ်းဝရမ်းကို လက်ခံရရှိခဲ့တာပါ။

“သမ္မတယွန်ကို ဖမ်းဝရမ်းထုတ်ဖို့ ကျွန်တော်တို့ စတင်လုပ်ဆောင်နေပါပြီ” လို့ CIO မှ သမ္မတ၏ နေအိမ် အပြင်ဘက်မှ ထပ်မံဖမ်းဆီးရန် ကြိုးပမ်းရာတွင် မီဒီယာတွေကို ပြောခဲ့ပါတယ်။ ယွန်က ယခုသီတင်းပတ် အစောပိုင်းတွင် ၎င်း၏ထောက်ခံသူများကို အွန်လိုင်းပေါ်မှ သတင်းစကား “ဤနိုင်ငံကို အဆုံးထိကာကွယ်ကြစို့” ဆိုပြီး လှုံဆော်မှု လုပ်ခဲ့ပါတယ်။ 

ယွန်ရဲ့ရှေ့နေက CIO ကိုယ်စား ဖမ်းဝရမ်းထုတ်ရန် ကြိုးစားပါက PSS သည် အာဏာအလွဲသုံးစားလုပ်မှုနှင့် နှောင့်ယှက်မှုများကြောင့် ၎င်းတို့အား ဖမ်းဆီးရန် အခွင့်အာဏာရှိတယ်လို့ ဆိုပါတယ်။ စွပ်စွဲပြစ်တင်ခံရသော သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့သည် အဆိုပါ ဖမ်းဝရမ်းအား တရားမ၀င်ဟု ဆိုကာ တားမြစ်ထားပါတယ်။ 

PSS နဲ့ ယွန်ရဲ့ ထောက်ခံသူများကို CIO အရာရှိများဖမ်းဆီးမှုပြုလုပ်နေခြင်းအား တားဆီးရန် ကြိုးပမ်းပါက တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် ထိန်းသိမ်းခံရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)